သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်

■ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ထည့်သွင်းဆွေးနွေး

■ တပ်မတော်အစိုးရကာလကို ပညာရေး အမှောင်ခေတ်ဟု သုံးနှုန်းခဲ့ခြင်းအား ကန့်ကွက်ကြောင်းနှင့် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် တင်ပြ

■ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အမေရိကန်တွင် ကြုံတောင့်ကြုံခဲမိန့်ခွန်း ပြောကြားခဲ့

■ ကျောင်းသားများ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်တွင် အထင်ကရ ဓာတ်ပုံဆရာတစ်ဦးကို ထောင်ချ

အစရှိတဲ့ နောက်ဆုံးရ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ တရားမ၀င်သစ်ခိုးထုတ်သူများ အနေဖြင့် တာဝန်ရှိသူဝန်ထမ်းများအား ချဉ်းကပ်ကာ လာဘ်ပေးလာဘ်ယူပြုလုပ်မှုများ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

■ ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာကမ်းနားပိုင်းရှိ နေအိမ် (၃၇) လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့

■ ပင်လည်ဘူးမြို့နယ်တွင် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ ပစ္စတိုသေနတ်၊ ကျည်လေးတောင့်နှင့်အတူ လေသေနတ်တစ်လက် ဖမ်းဆီးရမိ

■ အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘော့ကျွန်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၄၀၀ ကျော် ရှိလာခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ သန်း ၃၄၀ ကျော် ရှိခဲ့

■ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ကလေးငယ်များ၏ ဈာပနအခမ်းအနားတွင် လူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ခဲ့

အစရှိတဲ့ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲကျင်းပမည်

■ တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ကားများကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ငွေ ကျပ်သိန်းပေါင်း ၇၈,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သိန်းကျော် ဖမ်းမိ

■ အင်ဒိုနီးရှားတွင် လူ ၉ ဦးလိုက်ပါသွားသည့် လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ၈ ဦး သေဆုံး

■ ဆီးရီးယားနိုင်ငံရှိ သူပုန်များ ထိန်းချုပ်ထားသော အစ်ဒ်လစ်ဗ်ပြည်နယ်တွင် လက်နက်သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၃၉ ဦး သေဆုံး

သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ မြ၀တီဒေါနတောင်ကျော်လမ်းသစ် ရင်ကွဲတောင်ကုန်းဆင်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား သေနတ်ဖြင့်ပစ်ခတ်ကာ ငွေကြေးတောင်းခံမှု ဖြစ်ပွားခဲ့

■ သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရသည့်အမှု ပြင်ဆင်မှု လျှောက်ထားချက် တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ သြဂုတ်လ ၂၉ ရက်နေ့တွင် ကြားနာမည်

■ တောင်-မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦး၏ တတိယအကြိမ် ထိပ်သီးအစည်းအဝေးအတွက် အဆင့်မြင့်ဆွေးနွေးမှုများကို လာမည့် သီတင်းပတ်တွင် ပြုလုပ်မည်

■ နာဂါဆာကီမြို့ အဏုမြူဗုံးကြဲခံခဲ့ရသည့် ၇၃ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တက်ရောက်ခဲ့ပြီး နျူကလီးယားဖျက်သိမ်းရေး တိုက်တွန်း

■ အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘော့ကျွန်းတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူသုံးရာကျော်အထိ ရှိလာစဉ် ပြင်းအား ၆.၂ အဆင့်ရှိ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ် စတဲ့ သတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ်

■ မြစ်ကြီးနားမြို့ပေါ်တွင် ရိုက်နှက်လုယက်ခဲ့သည်ဆိုသော နဝမတန်းကျောင်းသား ငါးဦးအပါအဝင် ဆိုးသွမ်းလူငယ်ဆယ်ဦးကို တစ်သက်တစ်ကျွန်းအထိ အပြစ်ပေးနိုင်သော ဓါးပြမှုဖြင့် ထပ်မံအမှုဖွင့်

■ မင်္ဂလာဒုံမြို့နယ်အတွင်း အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းဆီးရမိခဲ့သည့်အမှုမှ တရားစွဲထားသူ(၁၀)ဦးကို စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချ

■ အင်ဒိုနီးရှားရှိရွာတစ်ရွာတွင် နတ်ဆရာတစ်ဦး၏ ၁၅ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့

■ နေဆီသို့ ပထမဦးဆုံး သွားရောက်စူးစမ်းမည့် အာကာသယာဉ်ကို လွှတ်တင်ရန် နာဆာ အဆင်သင့်ဖြစ်နေ

■ ဂိုးသမား ကော်တိုအာ ရီးယဲလ်သို့ပြောင်းရန် သဘောတူညီမှုရခဲ့ပြီး ရီးယဲလ်ကွင်းလယ်လူ ကိုဗာချစ်ကို တစ်ရာသီ အငှားဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း ချယ်လ်ဆီးထုတ်ပြန်

အစရှိတဲ့ သတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ်

■ ရာဘာခြံကျယ်ကြီးများကို နိုင်ငံ့ဘဏ္ဍာဖြင့် စိုက်ပြီး ခြံကို ကန်ထရိုက်စနစ်ဖြင့် ငှားစားနေခြင်းမှာ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရန်လိုနေကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

■ ယခင်ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ အစိုးရသစ်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း မရှိသည့် ကျပ်သန်းပေါင်း ၅၂၃၆ ဒသမ ၈၈၉ သန်းအား လက်ခံရယူထားသည့်အဖွဲ့မှ အစိုးရသစ်ထံ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်းသိရ

■ ရာသီဥတုပြောင်းလဲမှုကြောင့် လူသန်း ၄၀၀ နီးပါး နေထိုင်သော တရုတ်နိုင်ငံ၏ စပါးကျီဒေသမှာ ကမ္ဘာပေါ်တွင် အပူဆုံးနေရာဖြစ်လာမည်

■ ဆီးရီးယားတွင် ပြန်ပေးဆွဲခံထားရသည့် ဂျပန်သတင်းထောက်ကို ပြန်လွှတ်ပေးရန် ၎င်း၏ဇနီးဖြစ်သူ တောင်းဆို

အစရှိတဲ့ နောက်ဆုံးရ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစား သတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၇ ရက် နံနက်ပိုင်း သတင်းအစီအစဉ်

■ ရခိုင်ပြည်နယ်အရေးကိစ္စ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် အပြစ်ရှာသည့် လုပ်ရပ်မျိုး မလုပ်မိရန် လိုအပ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြော

■ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေပြီး လူ သုံးဦး ရေနစ်သေဆုံးခဲ့ဟု ဆို

■ အောင်ရဲထွေး အသတ်ခံရသည့်အမှုမှ လွတ်မြောက်သွားသူ သုံးဦးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ သြဂုတ်လ ၇ ရက်မှာ လာရောက်ရန် ဆင့်ခေါ်ထား

■ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင် တစ်ညအတွင်း လူ ၄၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လူ ၅ ဦး သေဆုံးခဲ့

■ လာမည့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိမည့်အသင်းအဖြစ် ထင်ကြေးပေးခံနေရသော်လည်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ငြင်းဆန်

အစရှိတဲ့သတင်းတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၅ ရက်နေ့ နံနက်ခင်း သတင်းအစီအစဉ်

■ ရခိုင်ပြည်နယ်အရေးတွင် အစိုးရလုံခြုံရေး တပ်ဖွဲ့များက ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးသို့ စာတမ်းတင်သွင်း

■ ချင်းတွင်းမြစ်ရေ မော်လိုက်၊ မင်းကင်းနှင့် မုံရွာမြို့အနီးတွင် ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိမည်

■ ကချင်ပြည်နယ် ဖားကန့်နှင့် ဥရုမြစ်ကြောင်းဘေးရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

■ မြောက်ကိုရီးယားကို ဖိအားပေးမှုများ ဆက်ထိန်းထားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

■ မန်စီးတီးအသင်းတွင် ကစားရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဘ၀၏ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ဂျေးဆုဖွင့်ဟ စတဲ့သတင်းတွေ ပါဝင်တယ်။