Shopping Gallery (ရုပ်သံအစီအစဉ်)

ဒီအပတ် Shopping Gallery အစီအစဉ်လေးမှာတော့ သားသားမီမီးလေးတွေအကြိုက် ကလေးကစားစရာလေးတွေ မေမေတို့အကြိုက် ကလေးအသုံးအဆောင်လေးတွေကို တစ်နေရာတည်းမှာ ရရှိနိုင်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်ရဲ့ “Sweet Child” ဆိုတဲ့ ဆိုင်လေးကို ပရိသတ်ကြီး သိရှိနိုင်အောင် ရိုက်ကူး တင်ဆက်ထားပါတယ်။

“Movie Kid” (ရုပ်သံအစီအစဉ်)

■ သရုပ်ဆောင်ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ရဲ့ သမီး မြမိုးဂင်္ဂါ

■ Eye Liner ဆိုးရင်း လူမိသွားတာရှက်ပြီး ငိုခဲ့လို့ ချစ်စရာကောင်းတာကြောင့် Facebook မှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရခဲ့သူ

■ အခုလည်း သူကြိုက်တဲ့ ကာတွန်းဇာတ်ကောင်အကြောင်းကို ဘယ်လိုစကားလုံးတွေသုံးပြီး ချစ်စဖွယ် အမူအရာလေးတွေနဲ့ ဖမ်းစားသွားမလည်းဆိုတာကို ရိုက်ကူး တင်ဆက်ပေးလိုက်ပါတယ်။

“Movie Kid” (ရုပ်သံအစီအစဉ်)

■ ဒီဇိုင်နာ မေမြတ်ဝါဆိုရဲ့ သမီးလေး တေးတေးက သူကြိုက်တဲ့ ကာတွန်းမင်းသမီးလေးအကြောင်းကို ဒီအပတ်ရဲ့ Movie Kid အစီအစဉ်ကနေ ပြောပြပေးခဲ့ပါတယ်။

■ တေးတေးကြိုက်တဲ့ ကာတွန်းမင်းသမီးလေးက ဘယ်သူဖြစ်မလဲ

■ မိခင်ဖြစ်သူ ဒီဇိုင်နာ မေမြတ်ဝါဆိုကလည်း သမီးကြိုက်နှစ်သက်တဲ့ ကာတွန်းမင်းသမီးဝတ်စုံလေးတွေကို သမီးအတွက် ချုပ်ပေးဖြစ်ကြောင်းကို ပြောပြပေးခဲ့ပါတယ်။

“Movie Kid” (ရုပ်သံအစီအစဉ်)

■ Mrs. Universe Myanmar 2017 ကေခိုင်နှင်းရဲ့ သားသားလေးနဲ့ မီးမီးလေးက သူတို့ကြိုက်တဲ့ ကာတွန်းကားအကြောင်းကို ဒီအပတ်ရဲ့ Movie Kid အစီအစဉ်က ပြောပြပေးခဲ့ပါတယ်။

■ အိမ်ထောင်ရှင်အလှမယ်ဖြစ်တဲ့ ကေခိုင်နှင်းကလည်း ကလေးတွေကို ဘယ်လိုပုံစံနဲ့ ထိန်းသိမ်း စောင့်ရှောက်သလဲဆိုတာကို ရိုက်ကူး တင်ဆက်ပေးထားပါတယ်။

“ Movie Kid ” (ရုပ်သံအစီအစဉ်)

 

  • အမျိုးသမီးတွေရဲ့အလှအပအတွက် အကြံဉာဏ်တွေပေးရင်း အောင်မြင်နေတဲ့ Beauty Blogger ဖြိုးပြည့်စုံထွန်းရဲ့ သမီးလေးက သူကြိုက်တဲ့ ကာတွန်းဇာတ်ကောင်အကြောင်းကို ပြောပြပေးခဲ့ပါတယ်။
  • စကားတတ်တဲ့ သမီးလေးရဲ့ ချစ်စဖွယ်အမူအရာတွေနဲ့ သွက်သွက်လက်လက် ပြောပြပေးခဲ့တာတွေကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

“Movie Kid” (ရုပ်သံအစီအစဉ်)

■ သရုပ်ဆောင် ဒါရိုက်တာ မင်းညီရဲ့ သမီးလေး အလင်္ကာမင်းညီက သူကြိုက်တဲ့ Tom and Jerry ကာတွန်းကား အကြောင်းကို ဒီအပတ်ရဲ့ Movie Kid အစီအစဉ်က ပြောပြပေးခဲ့ပါတယ်။

■ Tom and Jerry ထဲမှာ သူကြိုက်တဲ့ ဇာတ်ကောင်က ဘယ်သူဖြစ်မလဲ ဘာဖြစ်လို့လဲဆိုတာ သူ့အတွေးနဲ့သူ ဖြေထားတာလေးကို တင်ဆက်ပေးထားပါတယ်။

Movie Kid (ရုပ်သံအစီအစဉ်)

ပာာသ သရုပ်ဆောင် ဌက်ပျောကြော်ရဲ့သားလေးက သူကြိုက်တဲ့ ရုပ်ရှင်နှင့် Super Hero အကြောင်းကို အခုအပတ်ရဲ့ Movie Kid အစီအစဉ်က ခုလိုပဲ ပြောပြပေးခဲ့ပါတယ်။

“Movie Kid” (ရုပ်သံအစီအစဉ်)

■ သရုပ်ဆောင်ရတနာခင်ရဲ့ သားလေးက သူကြိုက်တဲ့ Super Hero အကြောင်းကို ဒီအပတ်ရဲ့ Movie Kid အစီအစဉ်က ခုလိုပဲ ပြောပြပေးခဲ့ပါတယ်။