Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”ဂယ်ဘဲသရဲနှင့်သူငယ်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး

■ ဒါရိုက်တာ ပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးထားတဲ့ အချစ်သရဲဟာသ ဒရာမာဇာတ်ကား အမျိုးအစားဖြစ်တဲ့ ”ဂယ်ဘဲသရဲနှင့်သူငယ်ရွာ” ဇာတ်ကားမှာ အကယ်ဒမီထွန်းထွန်း၊ အဆိုတော်သရုပ်ဆောင် ရဲလေး၊ သရုပ်ဆောင် ဂျိုကာ၊ သရုပ်ဆောင် ရွှေသမီးတို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

■ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတို့ရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”တောကျီးကန်း (ခေါ်) ခိုးဆိုးလုနှိုက် (၂)” ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို တင်ဆက်ပေးထားပါတယ်။

■ ဒီဇာတ်ကားဟာ မူးယစ်ဆေးနဲ့လောင်းကစားမှုတွေကြောင့် သူငယ်ချင်းနှစ်ဦးကြားက သံယောဇဉ်တွေပျက်စီးသွားရတယ်ဆိုတာကို ရိုက်ကူးထားပြီး ပညာပေး ဒရာမာဇာတ်ကားအမျိုးအစားဖြစ်တဲ့ ”တောကျီးကန်း (ခေါ်) ခိုးဆိုးလုနှိုက် (၂)” ဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ သရုပ်ဆောင် ခင်လှိုင်၊ သရုပ်ဆောင်ထူးခြား၊ သရုပ်ဆောင် မိုးဟေကိုတို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

■ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”ငါကဗိုလ်အောင်ဒင်” ရုပ်ရှင်ဇာတ်ကားကြီး

■ ဒီဇာတ်ကားဟာ ရွာမှာ ကထိန်အလှူခံရင်း အပြိုင်အဆိုင်ဖြစ်ကာ တစ်ဘက်နဲ့တစ်ဘက် အနိုင်ယူကြတာကို ဟာသနှောကာရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်တဲ့ “ငါကဗိုလ်အောင်ဒင်” ဇာတ်ကားမှာ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ် ပြေတီဦး၊ သရုပ်ဆောင် ခင်လှိုင်၊ သရုပ်ဆောင် အိချောပို၊ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံတို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတို့ရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”တာတေကြီး” ရုပ်ရှင်ဇာတ်ကားကြီး

■ ဒီဇာတ်ကားဟာ မိန်းမလျာဆိုတဲ့ လူတန်းစားက လှောင်ပြောင်စရာမဟုတ် ဘာသာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် အတိတ်ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်နေရသူတွေဖြစ်တဲ့အတွက် နှိမ့်ချမဆက်ဆံပဲ သူတို့ရဲ့ဘ၀ကို စာနာနားလည်စွာ ဆက်ဆံသင့်တယ်ဆိုတာကို ရည်ရွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ ”တာတေကြီး” ဇာတ်ကားမှာ အကယ်ဒမီ နေတိုး၊ သရုပ်ဆောင် ရွှေသမီးတို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတို့ရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”အမည်ပေါက်နဲ့ကျူး” ရုပ်ရှင်ဇာတ်ကားကြီး

■ ကျူးကျော်ရပ်ကွက်မှာ နေသူတွေရဲ့ဘ၀တွေကို ထင်သာမြင်သာအောင် ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားအမျိုးအစားဖြစ်တဲ့ ”အမည်ပေါက်နဲ့ကျူး” ဇာတ်ကားမှာ အကယ်ဒမီဇင်ဝိုင်း၊ သရုပ်ဆောင် မြင့်မြတ်၊ သရုပ်ဆောင် အိချောပို၊ သရုပ်ဆောင် မေကဗျာတို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

■ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတို့ရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”မယားကြောက်ရွာ” ရုပ်ရှင်ဇာတ်ကားကြီး

■ ယောက်ျားတွေကိုနိုင်တဲ့ မိန်းမတွေနဲ့ မိန်းမတွေရဲ့နိုင်စားမှုကို ပြန်လည်ချေပချင်တဲ့ ကျေးလက်ဟာသဇာတ်ကားဖြစ်တဲ့ ”မယားကြောက်ရွာ” ဇာတ်ကားမှာ အကယ်ဒမီလူမင်း၊ အကယ်ဒမီ ခန့်စည်သူ၊ သရုပ်ဆောင် ညီထွဋ်ခေါင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ ဂွမ်းပုံ၊ သရုပ်ဆောင် သွန်းဆက်တို့နဲ့အတူ ဟာသသရုပ်ဆောင် ခင်လှိုင်၊ ဒိန်းဒေါင် အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင် သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”ရင်ဘတ်ထဲကဓား” ရုပ်ရှင်ဇာတ်ကားကြီး

■ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်း အမျိုးအစားဖြစ်တဲ့ ”ရင်ဘတ်ထဲကဓား” ဇာတ်ကားမှာ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်တို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတို့ရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Next The Movie (ရုပ်သံအစီအစဉ်)

■ ဒီတစ်ပတ်မှာတော့ မကြာခင်ရုံတင်တော့မယ့် ”အော်တိုဘုရင်” ရုပ်ရှင်ဇာတ်ကားကြီး

■ ပရိတ်သတ် စိတ်ချမ်းမြေ့ပျော်ရွှင်စေလိုတဲ့ဆန္ဒနဲ့ ရိုက်ကူထားတဲ့ ပညာပေးဟာသဇာတ်လမ်း အမျိုးအစားဖြစ်တဲ့ ”အော်တိုဘုရင်” ဇာတ်ကားမှာ သရုပ်ဆောင် ဦးဇာဂနာ၊ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ သရုပ်ဆောင် အိချောပို၊ ဟာသသရုပ်ဆောင် ဦးငှက်ပျောကြော်တို့နဲ့အတူ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတို့ရဲ့ ရင်တွင်းစကားသံတွေ၊ သရုပ်ဆောင်တွေ ဘယ်လိုပါဝင်သရုပ်ဆောင်ထားကြတယ်ဆိုတာကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။