ကိုငှက် (၁၃) နှစ်ပြည့် လွမ်းခြင်း ( ရုပ်သံအစီအစဉ် )

၂၀၀၄ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့၊ မနက်(၁၁)နာရီ မိနစ်(၄၀)အချိန်မှာ ကွယ်လွန်ခဲ့တဲ့ ကိုငှက်(ခေါ် ) ထူးအိမ်သင် ကို သတိရလွမ်းဆွတ်တဲ့ အနေနဲ့ ၁၃နှစ် ပြည့်လွမ်းခြင်း အစီအစဉ်ကို တင်ဆက်ပေးထားပါတယ်။

ကိုငှက် သူငယ်ချင်းတွေပြောတဲ့ ” ဝေးသွားတဲ့အခါ ” ( ရုပ်သံအစီအစဉ် )

  ပုသိမ်ဒေသကောလိပ်မှာ ကျောင်းတူတူတက်တုန်းက အမှတ်တရ

    တက္ကသိုလ်ကျောင်း တက်နေရင်း သူဖန်တီးခဲ့တဲ့ ဂီတအကြောင်းတွေ

     ဂီတပေါ်တန်ဖိုးထားတဲ့ သူ့ရဲ့စိတ်ထား

  ကျောင်းတုန်းက အမှတ်တရပုံရိပ်တွေကို ကိုဌက် (ခေါ်) ကိုထူးအိမ်သင်ရဲ့    ငယ်သူငယ်ချင်းတွေက အခုလို လွမ်းဆွတ်စွာပြောခဲ့ပါတယ်။

 

Music Creator (ရုပ်သံအစီအစဉ်)


■ ဂီတသံစဉ်တွေကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် လူငယ်တွေကြားထဲမှာ နာမည်ရလာတဲ့
အဆိုတော် “သာဒီးလူ” ရဲ့ ဂီတပုံရိပ်တွေအကြောင်း တင်ဆက်ပေးထားပါတယ် ။

■ ရော့ခ်ဂီတကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့စေမည့်
အစီအစဉ်ကောင်းလေးမို့ ကြည့်ရှုအားပေးကြပါဦး ။

Music Creator အစီအစဉ်ကို နှစ်ပတ်တစ်ကြိမ် Eleven Broadcasting
ကနေထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။

■ Music Creator (ရုပ်သံ အစီအစဉ်)

တယောတစ်လက်နဲ့ ငြိမ်းချမ်းသောလမ်းပေါ် လျှောက်လှမ်းနေသူ

■ ငယ်စဉ် ကတည်းက အနုပညာကို စိတ်ဝင်စားပြီး တယောပညာကို လေ့လာသင်ယူ အားထုတ်ခဲ့သူ

■ ပရဟိတပွဲတွေမှာ တယောတစ်လက်နဲ့ အနုပညာခွန်အား တတ်နိုင်သမျှ ပေးစွမ်းနေသူ

■ အင်္ဂလိပ်စာ သင်ကြားသော ဆရာတစ်ယောက် ဖြစ်သော်လည်း အနုပညာအပေါ် ၀ါဿနာကြီးတဲ့ တယောဖိုးစံရဲ့ ဂီတလက်သံတွေကို ဒီတစ်ပတ် Music Creator အစီအစဉ်မှာ နားဆင် ခံစားရမှာပါ

■ Music Creator အစီအစဉ်ကို နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့တိုင်း Eleven Broadcasting မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Music Creator

ဒီတစ်ပတ် အစီအစဉ်မှာတော့ –

■ အောင်မြင်တဲ့ တေးသီချင်းတွေကို Music Video အဖြစ် ဖန်တီးပုံဖော်ပြီးပရိသတ်လက်ခံအားပေးမှု ရရှိထားသူ

■ ဆရာဝန်ဘ၀ကနေ ဒါရိုက်တာဘ၀ကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေသူ

■ သာမန်ရုပ်ရှင်ကားတွေက ခွဲထွက်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့“ ည ” ရုပ်ရှင်ဇာတ်ကားကို ဖန်တီးခဲ့ပြီး ၂၀၁၇ မှာ ရုံတင်ဖို့ စောင့်ဆိုင်းနေတဲ့ လူငယ်ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ “ ထူးပိုင်ဇော်ဦး ” ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို သူဖန်တီးခဲ့တဲ့ အနုပညာတွေနဲ့ အတူမြင်တွေ့ခံစားရမှာ ဖြစ်ပါတယ် ။