ဘ၀လောကဓံတွေကြားက အဘဦးအောင်ဆန်း ( Never Give Up )

အသက်၇၀ ကျော်သည်အထိ ဘ၀တိုက်ပွဲဝင်ပြီး ၀မ်းရေးအတွက် ကြိုးစားရုန်းကန်နေရတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ဘ၀အားမာန်ကို မြင်တွေ့ခံစားရမှာပါ ။ ပရိသတ်များလည်း မျှဝေခံစားပြီး ကူညီဖေးမနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် ။ Never Give Up အစီအစဉ်ကိုတော့ နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့တိုင်း Eleven Broadcasting မှာ ထုတ်လွှင့်ပြသပေးနေပါတယ် ။ ။

ဘယ်တော့မှ အရှုံးမပေးတဲ့ MMA Fighter ဖိုးသော် ( Never Give Up )

မြန်မာနိုင်ငံက အားကစားပရိသတ်တွေ စိတ်ဝင်စားမှု များပြားလာတဲ့ One Championship ပြိုင်ပွဲမှ MMA ကစားသမား ဖိုးသော်ရဲ့ ဘ၀အားမာန်တွေ၊ ကြိုးစားရုန်ကန်ခဲ့ရပုံတွေ ၊ ကြိုးဝိုင်းထဲမှာ အောင်ပွဲခံနိုင်ဖို့ သူဘယ်လို လေ့ကျင့်နေရတယ်ဆိုတာကို ပရိသတ်တွေ ခံစားအတုယူနိုင်စေဖို့ တင်ဆက်ပေးမှာပါ ။

Never Give Up အစီအစဉ်ကိုတော့ နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့တိုင်း Eleven Broadcasting ကနေ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။

Never Give Up (ရုပ်သံအစီအစဉ်)

■ ဘ၀မှာ ရှုံးနိမ့်မှုတွေကြုံတိုင်း နောက်ဆုတ်မသွားဘဲ ပန်းတိုင်ရောက်အောင် မဆုတ်မနှစ် ကြိုးစားအားထုတ်ခဲ့တဲ့ KFC သူဌေးကြီးအကြောင်းကို ဒီတစ်ပတ်အစီအစဉ်မှာ ကြည့်ရှုခံစားရမှာပါ။

■ စိတ်အားတက်ကြွဖွယ်ရာ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်းကို Never Give Up အစီအစဉ်ကနေ တင်ဆက်ပေးနေတာမို့ Elevenbroadcasting ကနေ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။