ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်း သတင်းအစီအစဉ်

■ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားသည့်အဖွဲ့အစည်းများ မရေရာမသေချာသည့်အဖြေများ ဖြေကြားခြင်းမပြုရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော

■ ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေးကို ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် စတင်နိုင်မည်မဟုတ်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြောကြား

■ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြ တောင်းဆို

■ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၄င်း၏နေအိမ်ပြတိုက်အား အများပြည်သူလေ့လာနိုင်ရန် ဖွင့်လှစ်ပြသ

■ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ် SSC ဆေးရုံရှေ့အနီး ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တိမ်းမှောက်မှုဖြစ်ပွား

■ ဆီးရီးယားဘက်ခြမ်းသို့ တူရကီတပ်ဖွဲ့ဝင်များ ထိုးဖောက်ဝင်ရောက်ကာ အာဖရင်ပြည်နယ်ရှိ ကာ့ဒ်ပြည်သူ့စစ်များအား ချေမှုန်းတိုက်ခိုက်

■ ဗီယက်နမ်နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ အမှုဆောင်ဟောင်းအား အလွဲသုံးစားမှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

■ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဒုံးကျည်ပုန်းရှောင်ခိုအောင်းမှု လေ့ကျင့်ခန်း ပြုလုပ်လေ့ကျင့်ခဲ့

■ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဈေးတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး သေဆုံးကာ ဆယ့်ကိုးဦး ဒဏ်ရာရရှိ

■ အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့တွင်းရှိ IS အလောင်းများကို မိုးမရွာခင်နှင့် မြစ်ရေမတက်ခင် ဖယ်ရှားရန်လိုကြောင်း ဒေသခံအရာရှိ သတိပေး

■ ကင်ဂျုံနမ်ကိုသတ်ခဲ့မှုဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည့် အမျိုးသမီးနှစ်ဦးအား တရားရုံးတင်စစ်ဆေးမှုများ ပြန်လည်စတင်

ရှို့မီးကြောင့် ဟင်္သာတစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား

ရှို့မီးကြောင့် ဟင်္သာတစက်မှုဇုန်မှာ မီးလောင်မှုတစ်ခု ဇန်န၀ါရီလ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီ ကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ပြည့်တန်ဆာသီချင်းက သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဖြစ်သွားတယ်ဆိုတဲ့ အဆိုတော် သာဒီးလူ

သီချင်းလေးရဲ့ ကျောရိုးနဲ့ဇာတ်ကားရဲ့ ကျောရိုးနောက်ခံက အလားသဏ္ဍာန်တူတာကြောင့် သူသီဆိုထားတဲ့ ပြည့်တန်ဆာဆိုတဲ့သီချင်းက သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဖြစ်သွားတယ်လို့ အဆိုတော်သာဒီးလူက ပြောပါတယ်။

ဆီးရီးယားဘက်ခြမ်းသို့ တူရကီတပ်ဖွဲ့ဝင်များ ထိုးဖောက်ဝင်ရောက်ကာ အာဖရင်ပြည်နယ်ရှိ ကာ့ဒ်ပြည်သူ့စစ်များအား ချေမှုန်းတိုက်ခိုက်

တူရကီစစ်တပ်နဲ့ မဟာမိတ်သူပုန်တပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံ အာဖရင်ပြည်နယ်ရှိ အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ချေမှုန်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာပြုလုပ်မယ့် Maybelline နှင့် GIGI HADID တို့ရဲ့ Official Product Launch ပွဲကိုတက်ရောက်ကြမယ့် Beauty Blogger နေခြည်ဦးနှင့် မော်ဒယ်မေမြတ်နိုး

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပြုလုပ်မယ့် Maybelline နှင့် GIGI HADID တို့ရဲ့ Official Product Launch ပွဲကိုတက်ရောက်ကြမယ့် Beauty Blogger နေခြည်ဦးနဲ့ မော်ဒယ်မေမြတ်နိုးတို့ကတော့ Gigi နဲ့တွေ့ရတော့မှာဖြစ်တဲ့အတွက် ရင်တွေအရမ်းခုန်နေပြီလို့ ဆိုပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း လှည့်လည်ဆန္ဒပြတောင်းဆို

ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဒီကနေ့မနက်ပိုင်းက လှည့်လည်ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ရင်သွေးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့နာမည်နဲ့ ပရဟိတအသင်း ထူထောင်ဖို့ရှိတဲ့ တေးသံရှင်လင်းလင်းနဲ့ ချစ်သုဝေ

တေးသံရှင်လင်းလင်းနဲ့ တေးသံရှင်သရုပ်ဆောင် ချစ်သုဝေတို့ဟာ သမီးအမွှာလေးတွေဖြစ်ကြတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့အတွက် မွေးနေ့လက်ဆောင် Plan အနေနဲ့ ခေတ်နဲ့သစ်တို့ရဲ့နာမည်နဲ့ ပရဟိတအသင်းလေးတစ်ခု ထူထောင်ဖို့ရှိတယ်လို့ သိရပါတယ်။

ဗြိတိန်အဆိုတော် Ed Sheeran ကလေးဘ၀ကတည်းက သူငယ်ချင်း Cherry Seaborn နှင့် စေ့စပ်

အချိန်ကြာကြာတွဲခဲ့တဲ့ချစ်သူ Cherry Seaborn နဲ့ စေ့စပ်လိုက်ပြီလို့ Ed Sheeran က သူ့ရဲ့ပရိသတ်တွေကို ကြေညာလိုက်ပါတယ်။