(Profile) ရုပ်သံအစီအစဉ်

ကုန်စုံဆိုင်ကနေ ခိုင်ခိုင်ကျော် ထမင်းဆိုင်ပိုင်ရှင် ဖြစ်လာတဲ့ ဦးကျော်မြတ်မိုးရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ

” တစ်သားထဲကျတာဟာ ဘ၀ရဲ့အောင်မြင်မှုအစဆိုတဲ့ ဦးကျော်မြတ်မိုး ”

■ လူတစ်ဦးရဲ့ လိမ်လည်မှုကြောင့် သုညကနေ ပြန်စခဲ့ရတယ်လို့ ဆိုခဲ့သူ

■ စားသုံးသူတွေကို အမွန်မြတ်ဆုံး ဧည့်ခံမယ်ဆိုတဲ့ သူရဲ့သစ္စာ

■ လုပ်ငန်းတစ်ခုလုပ်ရင် စွဲစွဲမြဲမြဲလုပ်ဖို့လိုတယ်လို့ ပြောခဲ့သူ

■ နေ့စဉ်ကောင်းအောင် ကြိုးစားနေတယ်ဆိုတဲ့ ခိုင်ခိုင်ကျော် ထမင်းဆိုင်ပိုင်ရှင် ဦးကျော်မြတ်မိုးရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်မှာ တင်ဆက်ပေးထားပါတယ်။

(Profile) ရုပ်သံအစီအစဉ်

အသက် (၈၂) ရှိပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ဦးဇော်မှိုင်းရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ

” အနုပညာဆိုတာ လေ့လာဖို့ မကုန်နိုင်ဘူးဆိုတဲ့ ဦးဇော်မှိုင်း ”

■ အသက်(၁၈)နှစ်မှာ ပုလဲမျက်ရည်ဇာတ်ကားကို စရိုက်ခဲ့သူ

■ ရုပ်ရှင်ပညာကို နားလည်တတ်ကျွမ်းမှ ရုပ်ရှင်သမားဖြစ်ရတယ်လို့ဆိုခဲ့သူ

■ လူကြမ်းဆိုတာ ပရိသတ်အမုန်းခံကာ သရုပ်ဆောင်ရတယ်လို့ ပြောပြခဲ့သူ

■ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် အခက်အခဲတွေကြားက ဘယ်လိုရုန်းကန် ဖြတ်သန်းခဲ့ရတယ်။
ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ဦးဇော်မှိုင်းရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်မှာ တင်ဆက်ပေးထားပါတယ်။

(Profile) ရုပ်သံအစီအစဉ်

ပရိဘောဂပစ္စည်းတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်လုပ်သွားမယ်ဆိုတဲ့ ပရိဘောဂလုပ်ငန်းရှင် ဦးမြင့်သိန်းရဲ့
ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ

” တောတောင်ထဲကို သွားတာဝါသနာပါတယ်ဆိုတဲ့ ဦးမြင့်သိန်း ”

■ သစ်ဆိုတာ လူတွေနဲ့ထိတွေ့ဖို့ အကောင်းဆုံးလို့ ဆိုတဲ့သူ

■ ရှားပါးသစ်တွေကို တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုနဲ့ လုပ်သွားဖို့ ရည်ရွယ်ချက်ရှိတဲ့သူ

■ သစ်ပင်မခုတ်ပဲ ငွေဝင်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားထားတဲ့သူ

■ မိမိလုပ်တဲ့ လုပ်ငန်းဟာ ကျယ်ပြန့်ဖို့လိုတယ်ဆိုတဲ့ ရွှေလမ်းသစ်ပရိဘောဂပိုင်ရှင် ဦးမြင့်သိန်းရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်မှာ တင်ဆက်ပေးထားပါတယ်။

(Profile) ရုပ်သံအစီအစဉ်

Model ဘ၀ကနေ အခုလက်ရှိမှာ National Costume တွေကို တီထွင်ဖန်တီးတဲ့ ဒီဇိုင်နာ စုစုခိုင်ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ

” မိမိတတ်ထားတဲ့ ပညာကို ဖြန့်ဝေချင်တယ်ဆိုတဲ့ ဒီဇိုင်နာ စုစုခိုင် ”

■ အသက် ၁၅ နှစ် အရွယ်မှာ ကာယအလှမယ် ၀င်ပြိုင်ခဲ့တဲ့သူမ

■ ၂၀၀၆ ခုနှစ်မှာ အခုလက်ရှိ ဒီဇိုင်နာအလုပ်ကို လုပ်ကိုင်ခဲ့တဲ့သူမ

■ မိဘတွေရဲ့ ယုံကြည်မှုကို ခံယူချင်တယ်ဆိုတဲ့ သူမ

■ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာ National Costume တွေကို ဖန်တီးခဲ့တဲ့သူမ

■ Customer တွေအတွက် ၀တ်စုံတွေ ဆက်ပြီး ဖန်တီးသွားမယ်ဆိုတဲ့ ဒီဇိုင်နာ စုစုခိုင်ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်မှာ တင်ဆက်ပေးထားပါတယ်။

Profile (ရုပ်သံအစီအစဉ်)

တစ်ကိုယ်တော် တေးစီးရီး ၁၃ ခွေ ထုတ်ခဲ့တဲ့ တေးသံရှင် ချောစုခင်ရဲ့  ဘ၀ဖြတ်သန်းမှု အတွေ့ အကြုံ

” ကိုယ်ရွေးချယ်တဲ့ သီချင်းတွေကို ပရိသတ်လက်ခံတယ်ဆိုတဲ့ တေးသံရှင် ချောစုခင်”

■ ငယ်စဉ်က ရပ်ကွက် စတိတ်ရှိုးတွေမှာ ပါဝင်သီဆိုခဲ့တဲ့ သူမ

■ အကြင်နာအင်အားတေးစီးရီးမှာ ပရိသတ်လက်ခံမှု ရရှိခဲ့တဲ့ သူမ

■ သမီးလေးနှစ်ယောက်ကို လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တဲ့ သူမ

■ အခုခေတ်လူငယ်တွေ အနေနဲ့ ကိုယ့်ထက်ကြီးတဲ့သူတွေကို လေးစားစွာဆက်ဆံဖို့ အကြံပြုခဲ့သူ

■ နားလည်မှုလွဲရင် ပြန်လည်တောင်းပန်စကား ဆိုတတ်တဲ့ တေးသံရှင် ချောစုခင်ရဲ့ ဘဝ
အတွေ့အကြုံတွေကို တင်ဆက်ပေးထားပါတယ်။

Profile (ရုပ်သံအစီအစဉ်)

စာပေသက်တမ်းနှစ် ၂၀ ကျော်ရှိပြီ ဖြစ်တဲ့ စာရေးဆရာမ ပုညခင်ရဲ့  ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ

“စာပေရေးသားမှုက စိတ်ကျေနပ်မှု ပေးနိုင်တယ်ဆိုတဲ့ ပုညခင်”

■ ရှစ်တန်းကျောင်းသူ ဘ၀ကတည်းက စာပေကို ၀ါသနာပါခဲ့သူ

■ စာရေးဆရာဆိုတာ တိုင်းပြည်မှာ ဖြစ်ခဲ့တာမှန်သမျှ လူငယ်တွေ သိသင့်သိထိုက်အောင် ရေးဖွဲ့ကာ ပြန်လည်တင်ပြခဲ့သူ

■ ပန်းတွေကို နှစ်သက်တဲ့ စာရေးဆရာမ ပုညခင်ဟာ အခက်အခဲတွေဖြစ်တိုင်း တွန်းအားတွေ ဖြစ်ခဲ့တယ်လို့ ဆိုသူ

■ မိမိလုပ်တဲ့ အလုပ်အပေါ်မှာ စေတနာထားကာလုပ်ဖို့ လိုတယ်လို့ဆိုတဲ့ သူမ

■ စာဖတ်ခြင်းနဲ့မပြီး စိတ်ကောင်းမွေးဖို့ လိုတယ်ဆိုတဲ့ စာရေးဆရာမ ပုညခင်ရဲ့  ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်ရဲ့  Profile အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

” Profile ” (ရုပ်သံအစီအစဉ်)

ဆရာတွေရဲ့ စေတနာကို အခုမှ နားလည်သိလာတယ်ဆိုတဲ့ လူရွှင်တော် ဦးကျင်ဝှက်
ရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံ

” ပြည်သူတွေ အသက်ရှည်ဆေးကျွေးနေရရင် ကျေနပ်တဲ့ ကျင်ဝှက် ”

■ အသက် ၁၁ နှစ် အရွယ်ကတည်းက ဆိုင်းလောကထဲ ၀င်ခဲ့ကာ ဆရာသမားေ
တွရဲ့  ဆိုဆုံးမမှုကို အခုချိန်မှာ ပိုသိလာတယ်လို့ ဆိုခဲ့သူ

■ လူရွှင်တော်ဆိုတာ အတိုင်အလှည့် ညီမှ ပရိသတ်ရယ်မောရတယ်လို့ ဆိုခဲ့သူ

■ လူရွှင်တော် 5 stars အဖွဲ့ နဲ့ ဘယ်လိုတွေ လက်တွဲဖြစ်ခဲ့တယ်ဆိုတာ ပြောပြခဲ့သူ

■ ကိုယ့်ဘ၀ အပေါ်ကို ရောက်ဖို့ တစ်ဘက်သားကို နှိမ့်ချတယ်ဆိုတာ
ကောင်းတဲ့ စိတ်ဓာတ်မဟုတ်ဘူးလို့ ပြောခဲ့တဲ့သူ

■ အခုခေတ်မှာ လူတိုင်း လူတိုင်း တစ်ကိုယ်ရည် စည်းကမ်းရှိဖို့လိုတယ်ဆိုတဲ့
လူရွှင်တော် ဦးကျင်ဝှက်ရဲ့  ဘ၀ဖြတ်သန်းမှုပုံရိပ်တွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

Profile (ရုပ်သံအစီအစဉ်)

တာဝန်တစ်ဖက်ထမ်းဆောင်ရင်း တေးသီချင်းတွေကို သီဆိုခဲ့တဲ့ တေးသံရှင် ဒေါ်တင်တင်မြရဲ့  ဘ၀ဖြတ်သန်းမှုအတွေ့အကြုံ
” ၀န်ထမ်းအဆိုတော်ဖြစ်တဲ့ ဒေါ်တင်တင်မြ ”

■ ပေဖူးလွှာသီချင်းနှင့်စပြီး ပရိသတ်သိခဲ့တဲ့ သူမ
■ ငယ်စဉ်ကတည်းက ဂီတပညာကို ၀ါသနာပါခဲ့သူ
■ မြန်မာသံသီချင်းတွေကို ခုခေတ်လူငယ်တွေ ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဆိုတဲ့သူ
■ လုပ်ငန်းပေါ်မှာ စေတနာထားကာ အလုပ်လုပ်တဲ့အတွက် စေတနာအကျိုးပေးတယ်ဆိုတဲ့ တေးသံရှင် ဒေါ်တင်တင်မြရဲ့  ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဒီတစ်ပတ်မှာ စီစဉ်တင်ဆက်ပေးထားတာဖြစ်ပါတယ်။