Public Voice (ရုပ်သံအစီအစဉ်)

အကောက်ခွန်ဦးစီးဌာနရဲ့ Delivery Van တင်သွင်းတာနဲ့ ပတ်သက်ပြီး ဒဏ်ကြေးသတ်မှတ်ခဲ့တဲ့အပေါ် ကားတင်သွင်းသူ ပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို ရိုက်ကူး တင်ဆက်ပေးသွားမှာဘဲ ဖြစ်ပါတယ်။

Public Voice (ရုပ်သံအစီအစဉ်)

ပြည်တွင်းဈေးကွက်မှာ အပြိုင်အဆိုင် လုပ်ကိုင်နေကြ ဆက်သွယ်ရေးအော်ပရေတာလေးခု ရဲ့ ၀န်ဆောင်မှုတွေနဲ့ ပြည်သူလူထုရဲ့ အမြင်ကို မေးမြန်းတင်ဆက်ထားပါတယ်။

 

၂၀၁၈ ဇွန် ၉ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ ၀န်ဆောင်မှု မိတ်ဆက်ပွဲကျင်းပပြီးတော့ Mytelဟာဆက်သွယ်ရေးအော်ပရေတာ သုံးခုရှိနေနှင့်ပြီးဖြစ်တဲ့ ပြည်တွင်းဈေးကွက်ထဲမှာ နောက်ဆုံးဆက်သွယ်ရေးအော်ပရေတာအနေနဲ့ ၀င်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းဈေးကွက်မှာတော့ ဆက်သွယ်ရေးအော်ပရေတာ လေးခုအပြိုင်အဆိုင် လုပ်ကိုင်နေကြရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ သုံးစွဲသူအရေအတွက်အနေနဲ့ MPT က ၂၅ သန်း၊ တယ်လီနောက ၁၉ သန်းကျော်၊ အူရီဒူးက ကိုးသန်းကျော်ဆိုတော့ အားလုံးပေါင်းလိုက်ရင် ၅၄ သန်းကျော်လောက် ရှိနေပါတယ်။ အခု ၂၀၁၈ နှစ်လယ်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ Mytel ကလည်း သူတို့ဆင်းမ်ကတ်တွေကို တစ်သန်းကျော်လောက် သုံးစွဲမှုရှိနေတယ်လို့ တရားဝင် ပြောကြားထားပါတယ်။

လောလောဆယ် အနေအထားအရတော့ ဆင်းမ်ကတ် အရေအတွက်က လူဦးရေအရေအတွက်ကို ကျော်လွန်သွားပြီဖြစ်လို့ မိုဘိုင်းဖုန်းသိပ်သည်းဆအနေနဲ့ ၁၀၀ ရာခိုင်နှုန်းကို ကျော်လွန်လို့ ၁၁၀ ရာခိုင်နှုန်းလောက် ဖြစ်နေပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ ပြိုင်ဘက်ကင်းတစ်ဦးတည်း ချုပ်ကိုင်ထားတဲ့ အခြေအနေကနေ လွတ်မြောက်လာခဲ့ပြီးအပြိုင်အဆိုင် လုပ်ကိုင်ကြတဲ့ ခေတ်တစ်ခေတ် အလွန်ကိုတောင် ရောက်ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

လူတိုင်းရဲ့ လက်ထဲကိုဖုန်းတွေရောက်လာတာ၊ ဆက်သွယ်ရေးစနစ်တွေ မြန်ဆန်လွယ်ကူလာတာတွေက ဘယ်လိုပဲဘေးထွက်ဆိုးကျိုးတွေ ရှိပါစေဦးတော့ အရင်ကထက်စာရင် ပိုကောင်းလာတယ်လို့သာ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။

 

Public Voice (ရုပ်သံ အစီအစဉ်)

မြန်မာ့ပညာရေးစနစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်ဆိုတာ ဖြေဆိုအောင်မြင်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်အပေါ် မူတည်ရွေးချယ်ရတဲ့ စနစ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ပညာရေးဝန်ကြီးဌာနက လာမယ့်ပညာသင်နှစ်ကစပြီး တက္ကသိုလ် ၁၁ ကျောင်းအတွက် တက္ကသိုလ်ဝင်ခွင့် ပုံစံတွေကိုပြောင်းလဲ လိုက်ပြီဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့စနစ်ရဲ့တက္ကသိုလ်ဝင်ခွင့်ဟာ တက္ကသိုလ်ဝင်တန်းရမှတ်တခုတည်းနဲ့ ဆုံးဖြတ်မှာမဟုတ်ဘဲ ကျောင်းသားတွေက တက္ကသိုလ်တွေကို တိုက်ရိုက်လျှောက်ထားပြီး သက်ဆိုင်ရာတက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေက လူတွေ့စစ်ဆေးမှုတွေနဲ့ ရွေးချယ်နိုင်တဲ့စနစ် ဖြစ်ပါတယ်။

စတင်ကျင့်သုံးတော့မယ့် ဒီစနစ်သစ်အပေါ်ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူတွေက ဘယ်လိုအမြင်တွေ ရှိနေလဲဆိုတာ Eleven Broadcasting ရဲ့ Public Voice အစီအစဉ်ကနေ မေးမြန်းတင်ဆက်ထားပါတယ်။

 

နိုင်ငံတော်သမ္မတသစ်နှင့် ပြည်သူ့အသံ (ရုပ်သံအစီအစဉ်)

၂၀၁၆ ခုနှစ် မတ် ၁၅ ရက်က နိုင်ငံတော်သမ္မတတာဝန်ကို စတင်တာဝန်ယူခဲ့တဲ့ ဦးထင်ကျော်ဟာ နှစ်နှစ်ကျော်အကြာ ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်မှာတော့ တာဝန်ကနေ နုတ်ထွက်သွားခဲ့ပြီး မတ် ၂၈ ရက်မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်က နုတ်ထွက်ထားတဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ အခုလို သမ္မတသစ် အပြောင်းအလဲအပေါ် ပြည်သူတွေရဲ့ အမြင်နဲ့ သမ္မတသစ်အပေါ် မျှော်လင့်ချက်တွေကို အခုလို စုစည်းတင်ပြပေးလိုက်ပါတယ်။

၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့မှုအပေါ် ကျောင်းသား၊ ကျောင်းသူ အမြင်များ (Public Voice ရုပ်သံ အစီအစဉ်)

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုတာ ကျောင်းသားလူငယ်တွေရဲ့ ဘဝ တစ်ချိုးကို ပြောင်းလဲစေနိုင်တဲ့ စာမေးပွဲတစ်ခုလို့ သိထားကြပါတယ်။
စာမေးပွဲဖြေဆိုနိုင်ဖို့ တစ်နှစ်ပတ်လုံး သင်ရိုးတွေ မေးခွန်းဟောင်းတွေကို အပြန်ပြန်အလှန်လှန်လေ့ကျင့်ပြီးမှ စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဝင်ရောက် ဖြေဆို ကြရတာပါ။

၂၀၁၈ ခုနှစ်ရဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ မတ်လ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြေဆိုခဲ့ကြပြီးဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့မှာတော့ သိပ္ပံဘာသာတွဲနဲ့ ဝိပ္ပံဘာသာတွဲတွေ ဖြေဆိုမှုပြီးဆုံးခဲ့ပြီး ဝိဇ္ဇာဘာသာတွဲကျောင်းသားတွေကတော့ မတ်လ ၁၆ ရက်နေ့အထိ ကျန်တဲ့ဘာသာရပ်တွေကို ဆက်လက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

ဖြေဆိုပြီးတဲ့ ဘာသာရပ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဖြေဆိုခဲ့မှုအပေါ် အားရ ကျေနပ်စွာ ဖြေဆိုနိုင်ရဲ့လား။ မိဘတွေကရော ကလေးတွေရဲ့ ဖြေဆိုမှုအပေါ် ဘယ်လိုစိတ်လှုပ်ရှားရလဲ။ ဘယ်လိုမျှော်လင့်လဲ စတဲ့ အကြောင်းတွေကို မေးမြန်း တင်ဆက်ထားတာပါ။

Public Voice (ရုပ်သံအစီအစဉ်)

■ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် သူတို့၏အမြင်များ

■ နှစ်စဉ် နှစ်သစ်ကူးကာလ၊ လွတ်လပ်ရေးနေ့လို နေ့ထူးနေ့မြတ်နဲ့ မြန်မာနှစ်သစ်ကူးကာလဖြစ်တဲ့ သင်္ကြန်ကာလတွေကို မျှော်လင့်ချက်တွေနဲ့ စောင့်မျှော်နေသူတွေထဲမှာ အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းထောင်အသီးသီးကို ရောက်ရှိနေသူတွေ ပါဝင်နေပါတယ်။

■ ၂၀၁၈ ခုနှစ် နှစ်သစ်ကူးအချိန်နဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့တဲ့ နှစ် (၇၀) ပြည့်မြောက်တဲ့နေ့ဖြစ်တဲ့ လာမယ့်ဇန်န၀ါရီ ၄ ရက်တို့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပြုလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အကျဉ်းသားတွေ မျှော်လင့်စောင့်ဆိုင်းနေနိုင်တာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်အချို့နဲ့ အကျဉ်းသားဟောင်းအချို့ရဲ့အမြင်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

(Public Voice ရုပ်သံအစီအစဉ်)

MoU ထိုးပြီး သွားရောက် အလုပ်လုပ်ကိုင်ပေမယ့် အလုပ်မရဘဲ ပြန်လာရတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ အခက်အခဲက ဘာတွေလဲ။ ထိုင်းအာဏာပိုင်တွေက IDP စခန်းတွေ ပို့ဆောင်တဲ့အခါ ကြုံရတဲ့ အတွေ့အကြုံတွေက ဘယ်လိုဆိုးဝါးလဲ။ အိမ်ပေါင်၊ လယ်ပေါင်၊ အတိုးတက်ပြီး အလုပ်မရတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့ အခြေအနေတွေကို ဒီတပတ်ရဲ့ Public Voice အသံမှာ စုစည်းတင်ဆက်ထားပါတယ်။

100 PLUS ရဲ့ နှစ်ဆကံစမ်းမဲတွင် ကံထူးသူတို့ရဲ့ ရင်တွင်းစကားသံများ (ရုပ်သံအစီအစဉ်)

SEA Games ပြိုင်ပွဲကာလတွင် မန္တလေးမြို့၊ မနောရမ္မံကွင်းမှာ ပြသတဲ့ဘောလုံးပွဲကြည့်ရင်း 100 PLUS ရဲ့ ကံစမ်းမဲ နှစ်ဆကံထူးသူများရဲ့ ပီတိစကားသံတွေကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။