အောက်တိုဘာလ (၁၄)ရက် အားကစားသတင်းအစီအစဉ်

 

■ မုဒိမ်းမှုစွဲချက်ရှိနေပေမယ့် စီရော်နယ်လ်ဒိုဟာ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေအတွက် စူပါဟီးရိုးဖြစ်တယ်လို့ ဂျူဗင်တပ်စ်ဥက္ကဋ္ဌ ချီးကျူး

■ Times မဂ္ဂဇင်းသက်တမ်း (၉၅)နှစ်အတွင်း မျက်နှာဖုံးမှာ စတုတ္ထမြောက်ဖော်ပြခံရတဲ့ ဘောလုံးသမားအဖြစ် ဘာပေ မှတ်တမ်းဝင်

■ မော်ရင်ဟိုလက်အောက်မှာနောက်တစ်ကြိမ်ကစားချင်တယ်လို့ ဟာဇက် ၀န်ခံ

■ မက်ဆီက ခေါင်းဆောင်ကောင်းတစ်ဦးမဟုတ်ဘူးလို့ မာရာဒိုနာ ဝေဖန်

■ ဘောလုံးလောကမှာ အောင်မြင်မှုများစွာရယူသွားရန် အူစိန်ဘော့ ပစ်မှတ်ထား

■ ကမ္ဘာ့ချန်ပီယံဟောင်း ဂျာမနီကို နယ်သာလန် ဂိုးပြတ်အနိုင်ယူစတဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

အောက်တိုဘာလ (၁၂)ရက်နေ့ ၊ အားကစားသတင်းအစီအစဉ်

အောက်တိုဘာလ (၁၂)ရက်နေ့ ၊ အားကစားသတင်းအစီအစဉ်

■ ဥာဏ်နည်းသူများကသာ မော်ရင်ဟိုကိုစိတ်ကြီးဝင်နေသူဟုသတ်မှတ်ကြပြီး အသိဥာဏ်ရှိသူများက ယင်းကဲ့သို့မမြင်ဟု အီဗရာဟီမိုဗစ်မှတ်ချက်ပေး

■ Ballon d’Or ဆုရရှိရန်အတွက် စပိန်မြေကိုပြောင်းရွှေ့လိုသော်လည်း ဇန်န၀ါရီတွင် အသင်းပြောင်းဖွယ်မရှိသေးဟု ဟာဇက်ဖွင့်ဟ

■ လီယွန်နယ်မက်ဆီ၏ဘ၀ဇာတ်ကြောင်းကို ကမ္ဘာကျော်ပြဇာတ်အဖြစ် မြင်တွေ့ရတော့မည်

■ လီဗာပူးလ်အသင်းအနေဖြင့်မန်စီးတီးအသင်းအားယှဉ်ပြိုင်နိုင်ရန် ဒီဘရိုင်းနား၊ ဆေးလ်ဗားတို့လို ကွင်းလယ်ဖန်တီးရှင်မျိုးလိုအပ်ဟု နောက်ခံလူကာရေဂါ အကြံပြု

■ မိုနာကိုအသင်းနည်းပြယာဒင်း ရာထူးမှထုတ်ပယ်ခံခဲ့ရပြီး နည်းပြသစ်ဖြစ်လာရန် အွန်နရီရေပန်းစားနေ အစရှိတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးထားပါတယ်။

အောက်တိုဘာလ (၇)ရက်၊ အားကစားသတင်းအစီအစဉ်

အောက်တိုဘာလ (၇)ရက်၊ အားကစားသတင်းအစီအစဉ်

■ ဆာလာအနေဖြင့် အဂွဲရိုး၏အဆင့်အတန်းမျိုးရောက်ရန် ၈နှစ်၊ ၉နှစ်ခန့်ကြိုးစားရဦးမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာဆို

■ နယူးကာဆယ်နှင့်ပွဲအပြီးတွင် ရုပ်သံကင်မရာဘက်သို့ မျက်နှာမူ၍ မော်ရင်ဟို ဆဲဆိုခဲ့ပြီး မီဒီယာများကိုလည်း ပြစ်တင်ခဲ့

■ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် (၁၀)ပွဲအထက်ရင်ဆိုင်ခဲ့ဖူးသည့် နည်းပြများထဲတွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ရလဒ်အကောင်းဆုံးဖြစ်

■ စီရော်နယ်လ်ဒို၏ အလိုမတူဘဲကာမကျူးလွန်မှု ခံခဲ့ရပြီးနောက် ကိုယ့်ကိုယ့်ကို သတ်သေရန် ကက်သရင်းမာယော်ဂါ ကြိုးစားခဲ့

■ ၁၉၈၅ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ (၄)ပွဲဆက် ရီးယဲလ် ဂိုးပေါက်ပျောက်ဆုံး

■ မနေ့ညကကစားခဲ့တဲ့ ဥရောပထိပ်တန်းလိဂ်ပွဲစဉ်တွေရဲ့ ထူးခြားချက်တွေအကြောင်းစတာတွေကို တင်ဆက်ပေးထားပါတယ်။

မကွေးမြို့က ပရိသတ်များရဲ့ ရင်ခုန်သံ We Are One Cup 2018 ( ရုပ်သံအစီအစဉ် )


■ We Are One Cup 2018 မကွေးဖိုင်နယ်မှာ တွေ့ဆုံကြမယ့် Phan Khar Myay FC အသင်းနဲ့ Top Ten FC အသင်းတို့ ရဲ့ ပြိုင်ပွဲဝင်အခြေအနေများကို Eleven ရုပ်သံမှ မြို့ခံဘောလုံးဝါသနာရှင် ပရိသတ်များကို မေးမြန်းရိုက်ကူးတင်ဆက်ထားပါတယ်။

စက်တင်ဘာလ (၂၈) ရက်နေ့ အားကစားသတင်းအစီအစဉ်

■ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နှင့်ချန်ပီယံလိဂ်ပွဲတွင် စီရော်နယ်လ်ဒို ပွဲထွက်ကစားနိုင်တော့မည်

■ မော်ရင်ဟိုနှင့်ပေါ့ဘာတို့နှစ်ဦးကြားက ပြဿနာမှာမိုက်မဲပြီးအသိဥာဏ်မရှိသည့်လုပ်ရပ်ဟုဘာဘာတော့ဗ် ပြင်းပြင်းထန်ထန်ဝေဖန်

■ ဆုဖလားများအတွက်သာအာရုံစိုက်ထားပြီး စီရော်နယ်လ်ဒို၊ မက်ဆီတို့နှင့်နှိုင်းယှဉ်မှုအပေါ် စိတ်ထဲမထားဟု ဟာဇက်ဆို

■ နေမာ၊ ကာဗာနီ၊ ဒီမာရီယာနှင့်ဘာပေတို့ကြားက နားလည်မှုကို PSG နည်းပြတူဟယ်လ် ကျေနပ်လျှက်ရှိ

■ စပိန်ကွင်းလယ်လူဆာဂျီယိုဘူးစကွက်စ်ဘာစီလိုနာအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ■ ပြိုင်ဘက်တူရကီနိုင်ငံအားကျော်ဖြတ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ဂျာမနီလက်ခံကျင်းပခွင့်ရရှိ

We Are One Cup 2018 ကြိုတင်ပြင်ဆင်မှု မြင်ကွင်းပုံရိပ်များ (ရုပ်သံအစီအစဉ်)

■ မကွေးမြို့မှာ ကျင်းပပြုလုပ်တဲ့ We Are One Cup အပျော်တမ်းကလပ်ပေါင်းစုံ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်အသင်းများရဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်နေပုံများကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

စက်တင်ဘာလ (၂၁)ရက်နေ့ အားကစားသတင်းအစီအစဉ်


■ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သက်တမ်းရှည်စွာကစားနိုင်ရန် စီရော်နယ်လ်ဒို၏ လေ့ကျင့်ခန်းနည်းစနစ်များကို ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဂျိုရှူအာလေ့လာခဲ့

■ မက်ဆီ၏ ပြစ်ဒဏ်ဘောကို ဒုက္ခခံ၍ကြည့်မနေတော့ဘဲ ဂိုးရလျှင် အောင်ပွဲခံမည့်ပုံစံကိုသာ အသင်းသားများက ကြိုတင်စဉ်းစားဖြစ်ကြဟု အသင်းဖော်ရာကီတစ် နောက်ပြောင်

■ မန်ချက်စတာယူနိုက်တက်မှထွက်ခွာခဲ့ပြီးနောက် ပိုကောင်းသည့်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ဟု လိုင်ယွန် တောင်ပံကစားသမားဒီပေးပြော

■ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်များတွင် ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး အသင်းကြီးအများစု အနိုင်ရခဲ့

■ မန်စီးတီးနှင့်ပွဲတွင် နာဇီပုံစံအလေးပြုခဲ့သည့် လိုင်ယွန်ပရိသတ်တစ်ဦးအား ရာသက်ပန်ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်မည်

■ အိုဇေးလ်က အာဆင်နယ်အသင်း၏အငြင်းပွားဖွယ်မရှိအကောင်းဆုံးကစားသမားဟု အသင်းဖော်ချာကာ ထောက်ခံပြောဆို

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် တိုက်စစ်မှူးဆယ်လာ၏ နောက်ကျဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်းကမကွေးအသင်းကိုအနိုင်ရရှိခဲ့

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာလ ၁၈ရက်နေ့က YUSC ကွင်းမှာရန်ကုန်ယူနိုက်တက်အသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာရန်ကုန်ယူနိုက်တက်အသင်းကတိုက်စစ်မှူးဆယ်လာရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။