ဇူလိုင်လ ၈ ရက်နေ့ အားကစားသတင်းအစီအစဉ်

■ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် K Pop နာမည်ကျော် BTS နှင့် Exo အဖွဲ့ ဖျော်ဖြေမည်ဖြစ်ပြီး လူမှုကွန်ရက်တွင် အပြန်အလှန် ဝေဖန်မှုများ ပြင်းထန်နေ

■ အင်္ဂလန်အသင်း ပိုကောင်းလာဦးမည်ဟု နည်းပြ ဆောက်ဂိတ်ဆိုခဲ့ပြီး ချန်ပီယံဆု ရယူသွားမည်ဖြစ်ကြောင်း ဂိုးသမား ပစ်ဖို့ဒ် ကြုံးဝါး

■ ဘက်ခမ်ကို လောင်းကြေးရှုံးနိမ့်ခဲ့သည့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ် အင်္ဂလန်အသင်းဝတ်စုံ ၀တ်ဆင်၍ အင်္ဂလန်အသင်းပွဲ ကြည့်ရမည်

■ Facebook တွင် ထုတ်လွှင့်မည့် Reality Show ၌ ပါဝင်ပေးရန် စီရော်နယ်လ်ဒို ကမ်းလှမ်းခံရ

■ ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုအတွင်း အလိမ်အခေါက်စွမ်းရည် အကောင်းဆုံး ကစားသမားအဖြစ် ဟာဇက်မှတ်တမ်းဝင်

ဇွန်လ ၂၉ ရက်နေ့ အားကစား သတင်းအစီအစဉ်

♦ စီရော်နယ်ဒို၏ပုံတူပန်းချီ ရေးဆွဲထားသည့် တိုက်ခန်းဘေးရှိ ဟိုတယ်တွင် မက်ဆီနှင့် အာဂျင်တီးနားအသင်း တည်းခိုရမည်

♦ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းသို့ ရွန်နီ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး (၃)နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့

♦ အင်္ဂလန်အသင်းအား ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဝေဖန်မှုများကို အဆုံးသတ်နိုင်ခဲ့ပြီဟု ဘယ်လ်ဂျီယံ တောင်ပံကစားသမား
အဒမ် ယာနူဇိုက် ပြောကြား

♦ မိမိသေဆုံးပြီဟု သတင်းလွှင့်ခဲ့သည့်လူကို ရှာဖွေပေးပါက ပေါင် (၈)ထောင် ဆုကြေးပေးမည်ဟု မာရာဒိုနာကမ်းလှမ်း

♦ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်မှ စတင်၍ Nike မှ အထူးထုတ်လုပ်ပေးထားသည့် ဖိနပ်ဝတ်ဆင်ကာ စီရော်နယ်လ်ဒိုကစားမည်

ဇွန်လ ၁၃ ရက် အားကစား သတင်းအစီအစဉ်

■ ဉာဏ်ရည်တု နည်းပညာဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံအသင်းကို ခန့်မှန်းခဲ့ရာတွင် ချန်ပီယံအသင်းအဖြစ် ဘရာဇီးလ် သတ်မှတ်ခံရ

■ အနာဂတ်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရရှိမည့်သူအဖြစ် ဆာလာကို စီရော်နယ်လ်ဒို ရွေးချယ်

■ ရီးယဲလ်နည်းပြသစ် လိုပတ်တယ်ဟီ ပထမဆုံးခေါ်ယူမည့်သူမှာ မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာ ဖြစ်လာဖွယ်ရှိ

■ ပြည့်တန်ဆာများနှင့် ၂၄ နာရီကြာ တံခါးပိတ် ပျော်ပါးခဲ့သည်ဆိုသည့် သတင်းများကို ဟာနန်ဒက်ဇ် ငြင်းဆန်

■ ဧရာဝတီယူနိုက်တက်နှင့်ပွဲမှ လုပ်ရပ်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဦးမျိုးမင်းထွန်း သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ၆ သိန်း ချမှတ်ခံရ

ဇွန်လ ၁၁ ရက် အားကစား သတင်းအစီအစဉ်

■ ရိုမာရီယို၏ ဘရာဇီးလ် လက်ရွေးစင်သွင်း ဂိုးအရေအတွက်ကို နေမာ လိုက်မီခဲ့ပြီး ဘရာဇီးလ်အသင်း သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာ

■ ပြင်သစ်အသင်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ပါက ရုရှားနိုင်ငံသို့ လိုက်ပါအားပေးမည်ဟု ပြင်သစ်သမ္မတ မက်ခရွန် ကတိပြု

■ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမား ၇၃၆ ဦး၏ ပျမ်းမျှလစာငွေ စုစုပေါင်းမှာ ပေါင် (၁ .၅၅) ဘီလီယံ တန်ဖိုးရှိနေ

■ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြသွားမည်ဟု အီဂျစ်သမ္မတအား ဆာလာ ကတိပေး

■ ဖက်ဒရာ၏ ဂရင်းစလင်း အောင်မြင်မှုစံချိန်ကို ကျော်ဖြတ်ရန် နာဒယ်လ် ဆန္ဒရှိနေ