Tasty Choice (ရုပ်သံအစီအစဉ်)

■ အစားအသောက်နဲ့ ပတ်သက်ရင် သေချာ ရွေးချယ်ပြင်ဆင် ချက်ပြုတ်စားသောက်ဖြစ်တယ်ဆိုတဲ့ DJ Wine ရဲ့  သူကြိုက်နှစ်သက်တဲ့ အစားအသောက်ပုံစံတွေက ဘာတွေဖြစ်မလဲဆိုတာ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

Taste of Home (ရုပ်သံအစီအစဉ်)

မွန်ရိုးရာ ဘဲသား လယ်တောဟင်း
• ပဒဲကော အနံ့မွှေးမွှေးလေးနဲ့ ဘဲသား လယ်တောချက်နည်းလေးကို မွန်မလေး ကိုယ်တိုင်က ချက်ပြုတ် ပြသပေးထားပါတယ်။
• ဒီဟင်းကို ချက်တဲ့အခါမှာ ဘဲသားနဲ့မှ မဟုတ်ပါဘူး ကိုယ်ကြိုက်နှစ်သက်ရာ အသားကို အသုံးပြုပြီး ချက်ပြုတ်စားသောက်နိုင်ပါတယ်။

“Taste Of Home” (ရုပ်သံအစီအစဉ်)

“3D Jelly Art”

■ ဒီတစ်ပတ်မှာတော့ စားရတာလည်း ချိုချိုဆိမ့်ဆိမ့်လေးဖြစ်ပြီး လှပတဲ့ဒီဇိုင်းလေးတွေ ဖန်တီးနိုင်တဲ့ ဂျယ်လီလုပ်နည်းလေး တင်ဆက်ပေးချင်ပါတယ်။

■ လက်ဆောင်ပဲပေးပေး အလှူပွဲတွေအတွက်ပဲဖြစ်ဖြစ် အရမ်းကိုလှပတင့်တယ်ပါတယ်။

■ ချက်ပြုတ်မှုကိုလဲ ဝါသနာပါပြီး အလှအပကိုလဲ ဖန်တီးချင်သူတွေအတွက် တင်ဆက်ပေးထားပါတယ်။

Taste Of Home (ရုပ်သံအစီအစဉ်)

မွန်ငါးမရမ်းပြား ချဉ်စပ်ဟင်း

■ ဒီအစီအစဉ်ကနေ နာမည်ကြီး စားသောက်ဆိုင်က အစားအစာတွေ တိုင်းရင်းသား ရိုးရာအစားအစာတွေနဲ့ ထမင်းမြိန်စေမဲ့ ဟင်းလျာမျိုးစုံ ချက်ပြုတ်ပြသပေးနေတာပဲ ဖြစ်ပါတယ်။

■ ဒီတစ်ပတ်မှာ ဆိုရင်လည်း မွန်ရိုးရာ အစားအစာတစ်မျိုးဖြစ်တဲ့ မွန်ငါးမရမ်းပြား ချဉ်စပ်ဟင်းချက်နည်းကို တင်ဆက်ပေးထားပါတယ်။

Taste of Home (ရုပ်သံအစီအစဉ်)

အင်ဒိုနီးရှားစတိုင် အရွက်စုံသုပ်နဲ့ အသီးအရွက်ဟင်းချို

■ အသီးအရွက်ကြိုက်တဲ့ ပရိတ်သတ်များအတွက် ခံတွင်းတွေ့စေမယ်

■ ချက်ရတာလည်းလွယ်ကူတယ်

■ Ayam Penyet Indonesia စားသောက်ဆိုင်မှ စားဖိုမှူးကိုယ်တိုင် တင်ဆက်ပေးထားတဲ့

■ Gado Gado အရွက်စုံသုပ်နဲ့ Soup Surosan ဟင်းချို

Taste Of Home (ရုပ်သံအစီအစဉ်)

ကိုရီးယားကင်မ်ချီ ပြုလုပ်နည်း

■ ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ စိတ်ဝင်စားပြီး ကြိုက်နှစ်သက်မယ်လို့ထင်တဲ့ ကိုရီးယားကင်မ်ချီ ပြုလုပ်နည်းကို တင်ဆက်ပေးထားပါတယ်။

■ ကိုရီးယားကင်မ်ချီက ပြုလုပ်ရတာ မခက်ခဲတဲ့အတွက် မိမိတို့ရဲ့အိမ်မှာလဲ အလွယ်တကူ လုပ်စားလို့ရပါတယ်။

■ ကင်မ်ချီကို ပြုလုပ်ပြီးပြီးချင်း စားလို့ရသလို အချဉ်အရသာကြိုက်သူတွေက တစ်ညသိပ်ထားပြီးမှ စားလို့လဲရပါတယ်။

Taste Of Home (ရုပ်သံအစီအစဉ်)

ရခိုင်ရိုးရာ ကိုတံငါဟင်း
 ဒီတစ်ပတ်မှာ ပင်လယ်စာတွေကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက် “ကိုတံငါဟင်း” ချက်နည်းကိုတင်ဆက်ပေးထားပါတယ်။
 ဒီဟင်းထဲမှာတော့ပင်လယ်စာတွေမျိုးစုံပါဝင်ပြီး ချဉ်ချဉ်စပ်စပ်အရသာ အရည်သောက်ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်။
 ချက်ရတာလဲမခက်ခဲဘဲ စားရတာထမင်းမြိန်စေမယ့် ရခိုင်ရိုးရာအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

Taste Of Home (ရုပ်သံအစီအစဉ်)

ကရင်ကြက်သားသုပ်

■ ကြက်သားဟင်းတွေ ကြက်သားကြော်တွေ စားရတာရိုးသွားပြီဆိုရင် ထမင်းစားရတာ ခံတွင်းမြိန်စေတာကတော့ ကြက်သားသုပ်ပါ

■ ဒီတစ်ပတ် Taste Of Home အစီစဉ်ကနေ တင်ဆက်ပေးမှာကတော့ ပြင်ဆင်ရတာလဲ အရမ်းလွယ်ကူတဲ့ ကရင်ကြက်သားသုပ်နည်းကို တင်ဆက်ပေးထားပါတယ်။