အိန္ဒိယသမုဒ္ဒရာတွင် ၂၄ နာရီ အတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီးလေထုမငြိမ်သက်မှုကြောင့် မြန်မာ နိုင်ငံအနှံ့အပြားတွင် နေရာကွက်ကျား မိုးရွာသွန်းမည်ဟု မိုး/ဇလ ထုတ်ပြန်
ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ နောက် (၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒီဇင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ် ။