လားရှိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်သူ (၇၉၁) ဦးရှိ

လားရှိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်သူ (၇၉၁) ဦးရှိ
Published 18 August 2019

ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လားရှိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်သူ (၇၉၁) ဦးရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ပြီး ပြန်မရသေးသူ ၁၀၀ ကျော်ရှိနေ

လားရှိုးမြို့အနီး ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် သြဂုတ် ၁၈ ရက်အထိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ စစ်ဘေး တိမ်းရှောင်လာသူ (၇၉၁) ဦးရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကာ လမ်းခရီး အခြေအနေအရ မပြန်ရသေးသူ (၁၀၀) ကျော်ရှိနေတယ်လို့ သိရပါတယ်။