မြန်မာ့ငရုတ်ကို တရုတ်သာမက အာဆီယံနိုင်ငံများကပါ ဝယ်ယူနေသော်လည်း နောက်ကြောင်းခြေရာခံ စနစ် သုံးလာကြ၍ စနစ်တကျ စိုက်ပျိုးရန်လိုမည်ဟုဆို
မြန်မာ့ငရုတ်ကို တရုတ်နိုင်ငံကသာမက အာဆီယံနိုင်ငံများကလည်း ဝယ်ယူနေပေမယ့် နောက်ကြောင်းခြေရာခံ စနစ် သုံးလာကြတဲ့အတွက် စနစ်တကျ စိုက်ပျိုးရန်လိုပြီး ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများ စနစ်တကျ မသုံးပါက စျေးကွက်ပျက်တဲ့ အခြေအနေရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှူး ဦးစိုးအောင်က ပြောပါတယ်။