စစ်ရေးစွမ်းရည်ပိုင်းဆိုင်ရာမှာ တပ်မတော်ကို မေးခွန်းထုတ်ဖို့လိုအပ်နေပြီလား (ရုပ်သံ)
■ TNLA နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ သြဂုတ်လ၁၅ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မှာ တံတားနဲ့လမ်းတွေပျက်စီးခဲ့ရပြီး တပ်မတော်သားနဲ့ အရပ်သားတစ်ချို့သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
■ အဲဒိတိုက်ခိုက်မှုဖြစ်စဉ်မှာ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ကုန်သွယ်ရေးစခန်းတွေလည်း ထိခိုက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဝင်ငွေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်လမ်းကြောင်းကို ရပ်ဆိုင်းသွားအောင် ပြုလုပ်တဲ့အခြေအနေလို့ဆိုရမှာလည်းဖြစ်ပါတယ်။