ဂုတ်တွင်းဘေလီတံတားကို ဖြတ်သန်းခွင့်ပြုလိုက်မှုကြောင့် တစ်ပတ်ခန့်ရပ်နားထားသည့် မန္တလေး - လားရှိုး - မူဆယ် ယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲ

ဂုတ်တွင်းဘေလီတံတားကို ဖြတ်သန်းခွင့်ပြုလိုက်မှုကြောင့် တစ်ပတ်ခန့်ရပ်နားထားသည့် မန္တလေး - လားရှိုး - မူဆယ် ယာဉ်လိုင်းအချို့ ပြန်လည်ပြေးဆွဲ
Published 22 August 2019

AA,TNLA,MNDAA ပူးပေါင်းအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ဂုတ်တွင်းတံတားနေရာမှာ ဘေလီတံတားပြန်လည် တည်ဆောက်ပြီး သြဂုတ် ၂၀ ရက်မှာ ယာဉ်အချို့ ဖြတ်သန်းခွင့်ပြုလိုက်တာကြောင့် တစ်ပတ်ခန့်ကြာ ပြေးဆွဲ မှု ရပ်နားထားရတဲ့ မန္တလေး-လားရှိုး- မူဆယ် ယာဉ်လိုင်းအချို့ သြဂုတ် ၂၁ ရက် မနက်ပိုင်းကစပြီး ပြန််လည် ပြေး ဆွဲနေပြီလို့ သိရပါတယ်။