မန္တလေးစည်ပင်သာယာရေးကော်မတီမှ နည်းပညာသစ်ဖြင့် စမ်းသပ်လုပ်ဆောင်ခဲ့သည့် နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်း အောင်မြင်ခဲ့ပြီး မြို့နယ် ၆ မြို့နယ်တွင် ဆက်လက်လုပ်ဆောင် သွားမည်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတကာတွင် အသုံးပြုနေတဲ့ Cement Stabilized နည်းပညာသစ်နဲ့ နိုဝင်ဘာလအတွင်းက စမ်းသပ်ဆောင်ရွက်ခဲ့ရာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်၆မြို့နယ် ကို ငွေကျပ် ၈ ဒသမ ၂၂ ဘီလီယံခန့် သုံးစွဲဖို့ လျာထားတယ်လို့ လမ်းတံတားဌာနမှ ဌာနမှူး ဦးသန်းထိုက်ဦးက ပြောပါတယ်။