အစိုးရနဲ့တပ်မတော်အကြားမှာ ဘုံလက်ခံထားတဲ့ဖက်ဒရယ်ဆိုတာ ဘာလဲဆိုတဲ့ဟာက မရှိဘူးဖြစ်နေတယ် ဒါ့ကြောင့်တိုင်းရင်းသားတွေနဲ့ဆွေးနွေးတဲ့အခါမှာ အခက်အခဲဖြစ်နေတယ်။
■ ဒေါက်တာမင်းဇော်ဦး (အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး - ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MIPS)
ယခင်အစိုးရလက်ထက်ကတည်းက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်မှာလည်း အကြံပေးတစ်ဦးဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပါတ်သက်ပြီး အစိုးရသက်တမ်းနှစ်ခုမှာတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ ကွာခြားချက်တစ်ချို့နဲ့ သုံးသပ်ချက်တွေကို မေးမြန်းတင်ဆက်ပေးထားပါတယ်။