ရေး - ဖလံ - ကျုံကွီးလမ်း၊ ရေး - ဖလံ - ညီဆာလမ်းပိုင်းပေါ်ရှိ တံတားများပျက်စီးကာ လမ်းပိုင်းများအပေါ် မြေပြိုမှုများကြောင့် ရေးချောင်းဖျားဒေသသွားရာ လမ်းပြတ်တောက်နေပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်နေဟုသိရ
သြဂုတ်လဆန်းပိုင်းမှ စတင်ကာမိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျရေဆင်းမှုတွေကြောင့် ရေး - ဖလံ - ကျုံကွီးလမ်းနဲ့ ရေး - ဖလံ - ညီဆာ လမ်းပိုင်းပေါ်ရှိတံတားများပျက်ဆီးခဲ့သလို လမ်းပိုင်းများအပေါ် မြေပြိုကျမှုတာတွေကြောင့် ဒေသအခေါ် ရေး ချောင်းဖျားဒေသသို့သွားရာလမ်းမှာ ပြတ်တောက်နေပြီး စားနပ်ရိက္ခာတွေခက်ခက်ခဲခဲသယ်ယူပို့ဆောင်ပေးနေရတယ်လို့ စားနပ်ရိက္ခာများသွားရောက်လှူဒါန်းပို့ဆောင်ပေးခဲ့ကြသူတွေကပြောပါတယ်။