သားအဖသုံးဦး နွေးနွေးထွေးထွေးနဲ့ မိသားစုဖျော်ဖြေပွဲလေးကျင်းပခဲ့ကြတဲ့ ချစ်ကောင်း၊ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်း
သြဂုတ်လ ၂၄ ရက်နေ့ က ကျင်းပပြုလုပ်တဲ့ FG Live Loungeမှာ ဒီတစ်ခေါက် အလှည့်ကျလာတဲ့တေးသံရှင်တွေကတော့ ချစ်ကောင်း၊ အိမ့််ချစ်နဲ့ ဂျူနီယာချစ်ကောင်းပဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဦးချစ်ကောင်းခေတ်ကပရိသတ်တွေ၊ ဒါ့အပြင် သားနဲ့သမီးရဲ့ ပရိသတ်တွေများစွာ လာရောက်အားပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ အခုလိုမျိုး သားအဖသုံးဦး နွေးနွေးထွေးထွေးနဲ့ ပရိသတ်တွေအတွက် မိသားစုဖျော်ဖြေပွဲလေးကျင်းပပေးနိုင်ခဲ့လို့ ဝမ်းသာပီတိစကားများကို အခုလိုပဲပြောပါတယ်။