NCA လက်မှတ်ထိုး (၁၀) ဖွဲ့က အလုပ်အဖွဲ့ နှစ်ဖွဲ့ အသစ်ဖွဲ့စည်း

NCA လက်မှတ်ထိုး (၁၀) ဖွဲ့က အလုပ်အဖွဲ့ နှစ်ဖွဲ့ အသစ်ဖွဲ့စည်း
Published 26 August 2019

အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် NCA လက်မှတ်ထိုး (၁၀) ဖွဲ့က အလုပ်အဖွဲ့ နှစ်ဖွဲ့ အသစ်ဖွဲ့စည်း

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားဖို့ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မှာ သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကနေ အလုပ်အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း PPST က ထုတ်ပြန်ပါတယ်။