ဟောင်ကောင်ဆူပူအုံကြွမှုကို အစိုးရကထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း အုပ်ချုပ်ရေးမှူးကာရီလမ်ပြော
ဟောင်ကောင်မှာဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေဟာ ပိုမိုဆိုးလာပေမဲ့ အစိုးရက ကိုင်တွယ်နိုင်မယ်လို့ယုံကြည်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က သြဂုတ်လ ၂၇ ရက်မှာပြောပါတယ်။