တရုတ်တွင် ဖမ်းဆီးခံထားရသည့် သြစတြေးလျ စာရေးဆရာအတွက် ရပ်တည်ပေးမည်ဟု သြစတြေးလျဝန်ကြီးချုပ် ဆို
သူလျှိုလုပ်မှုအတွက် သံသယရှိမှုနဲ့ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ သြစတြေးလျ စာရေးဆရာတစ်ဦးအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်းနဲ့ ၎င်းရဲ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့တ် မောရစ်ဆင်က သြဂုတ်လ ၂၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။