မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများရပ်ရန်

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများရပ်ရန်
Published 1 September 2019

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများရပ်ရန်အစိုးရဘက်က ကျိုင်းတုံဆွေးနွေးပွဲတွင်တောင်းဆိုခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာခေါင်းဆောင်များ ထံပြန်လည်တင်ပြမည်ဟုဆို

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးနှင့် အရပ်သား သေဆုံးမှုများဖြစ်နေသည့်အတွက် လမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများရပ်ရန်အစိုးရဘက်က ကျိုင်းတုံဆွေးနွေးပွဲမှယတောင်းဆိုခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာခေါင်းဆောင်များအား ပြန်လည်တင်ပြမည်ကာ အကြောင်းပြန်မည်ဟု ပြောဆိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။