ဥမ္မာဒန္တီတန်ဖိုးနည်း အိမ်ယာနဲ့ တန်ဖိုးသင့်အိမ်ယာ ဝယ်ယူမည့်သူမရှိ ဖြစ်နေ

 ဥမ္မာဒန္တီတန်ဖိုးနည်း အိမ်ယာနဲ့ တန်ဖိုးသင့်အိမ်ယာ ဝယ်ယူမည့်သူမရှိ ဖြစ်နေ
Published 1 September 2019

ပုသိမ်မြို့ ဥမ္မာဒန္တီတန်ဖိုးနည်းအိမ်ယာစီမံကိန်းရှိ တိုက်ခန်းပေါင်း ၆ဝဝကျော် အနက်  ၅၅ဝခန့်မှာ ဝယ်ယူမည့်သူမရှိ

ပုသိမ်မြို့မှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ဥမ္မာဒန္တီတန်ဖိုးနည်း အိမ်ယာနဲ့ တန်ဖိုးသင့်အိမ်ယာစီမံကိန်းမှာ ပြည်သူတွေကို ရောင်းချနိုင်ဖို့အတွက် တိုက်ခန်းပေါင်း ၆ဝဝကျော်ထိ ထည့်သွင်းတည်ဆောက်ခဲ့ပေမယ့် တိုက်ခန်းပေါင်း ၅ဝခန့်သာ ဝယ်ယူမယ့်သူရှိခဲ့ပြီး အခန်းပေါင်း ၅၅ဝခန့်မှာ ဝယ်ယူမည့်သူမရှိဘူးလို့သိရပါတယ်။