ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံရှိ အကျဉ်းထောင်တစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူ ၁၀၀ ထက်မနည်း သေဆုံး

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံရှိ အကျဉ်းထောင်တစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူ ၁၀၀ ထက်မနည်း သေဆုံး
Published 3 September 2019

 

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ယီမင်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ အကျဉ်းထောင် အဆောက်အအုံဝင်းတစ်ခုကို ထိမှန်ခဲ့တာကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။