ဆင်နှစ်ကောင်တင်ထားသောမော်တော်ယာဉ်အား ၁၂ ဘီးယာဉ်က ဝင်တိုက်မိပြီး အမျိုးသားနှစ်ဦးသေဆုံး

ဆင်နှစ်ကောင်တင်ထားသောမော်တော်ယာဉ်အား ၁၂ ဘီးယာဉ်က ဝင်တိုက်မိပြီး အမျိုးသားနှစ်ဦးသေဆုံး
Published 3 September 2019

ဆင်နှစ်ကောင်တင်ဆောင်ပြီး ရပ်ထားသောမော်တော်ယာဉ်အား ၁၂ ဘီးယာဉ်က နောက်မှဝင်တိုက်မိပြီး ဆင်ဦးစီးအပါအဝင် အမျိုးသားနှစ်ဦးသေဆုံး 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ၊ ကတုမတီမြို့သစ်အနီး၊ ရန်ကုန် - မန္တလေး ကားလမ်းမဟောင်းပေါ်မှာ စက်တင် ဘာ ၂ ရက်နေ့ ညပိုင်းက ဆင်နှစ်ကောင်တင်ဆောင်ထားပြီး မန္တလေး - ရန်ကုန်လမ်းကြောအတိုင်း လမ်းဘေးရပ်ထားတဲ့  မော်တော်ယာဉ်ကို လားရာတူကနေလာတဲ့ ၁၂ ဘီးမော်တော်ယာဉ်က နောက်ကနေဝင်တိုက်မိရာ ဆင်ဦးတစ်ဦးဆင်ပိပြီး သေဆုံးကာ နောက်ကဝင်တိုက်တဲ့ ၁၂ ဘီးယာဉ်မောင်းဟာလည်း ကားအတွင်းညှပ်မိပြီးသေဆုံးသွားခဲ့တယ်လို့ ကေတုမတီမြို့၊ မြို့သစ်နယ်မြေရဲစခန်းကနေ သိရပါတယ်။