ဆုမဲ လာရောက်ထုတ်ယူခြင်း မရှိတဲ့ အောင်ဘာလေထီ ဘဏ္ဍာသိမ်းများကို ထီဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးနိုင်ရေးနှင့် ထီဆုမဲများကို သိန်း၂၀၀၊ သိန်း၃၀၀ အစရှိသဖြင့် ဆုမဲများစွာ ခွဲဝေပေးရေး သုံးသပ်ဆောင်ရွက်မည်ဟု စီမံ/ဘဏ္ဍာဒုဝန်ကြီး ပြောကြား
ဆုမဲ လာရောက်ထုတ်ယူခြင်း မရှိတဲ့ အောင်ဘာလေထီ ဘဏ္ဍာသိမ်းများကို ဘဏ္ဍာသိမ်းမည့်အစား ပြည်သူများအပေါ် ထီဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးနိုင်ရေးနှင့် ထီဆုမဲများကို သိန်း ၂၀၀၊ သိန်း ၃၀၀ အစရှိသဖြင့် ဆုမဲများစွာ ခွဲဝေပေးရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို သုံးသပ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသွားခဲ့ပါတယ်။