ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဝင်ရောက်မှုကြောင့် အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြောက်ဘက်သို့ မုန်တိုင်း ဆက်လက်ဦးတည်နေ
စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ Outer Banks ကျွန်းစုမှာ ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဝင်ရောက်မှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်ခတ်မှုတွေနဲ့ ပင်လယ်လှိုင်းရိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။