မြန်မာအသင်းနှင့်ဂျပန်အသင်းကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေချိန်တွင် ကွင်းအတွင်းသို့ပြေးဝင်ရောက်ခဲ့သည့် အမျိုးသားအား ရဲအက်ဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၈ ရက် ချမှတ်
မြန်မာအသင်းနဲ့ ဂျပန်အသင်းတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားနေချိန်အတွင်း ကွင်းအတွင်းသို့ ပြေးဝင်ရောက်ခဲ့တဲ့ ပရိသတ် အမျိုးသားကို ရဲအက်ဥပဒေပုဒ်မ ၄၁(၁၄)ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၈ ရက်ကျခံစေရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။