ဘဏ်ကောလာဟလများ စိုးရိမ်စရာမလိုဘဲ တစ်နိုင်ငံလုံး၏ နေ့စဉ်ငွေထုတ်ငွေသွင်းစာရင်းများကို စောင့်ကြည့်ထိန်းကျောင်းနေဟု သမ္မတရုံး ပြောကြား
ဘဏ်ကောလာဟလနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်ပူစရာမလိုဘဲ တစ်နိုင်ငံလုံးရဲ့ နေ့စဉ် ငွေထုတ် ငွေသွင်း စာရင်းများကို စောင့်ကြည့်နေပြီး အစိုးရပိုင်းက အုပ်ချုပ်မှုနည်းလမ်းဖြင့် ထိန်းကျောင်းနေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။