ရခိုင်ပြည်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်တာထက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့စကားပြောတာက ပိုပြီးအကျိုးရှိနိုင် လိမ့်မယ်လို့ ယုံကြည်တယ်။
■ ဒေါ်စောမြရာဇာလင်း - (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP)
ဒေါ်စောမြရာဇာလင်းဟာ လွန််ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်လောက်ကတည်းက ရခိုင်ပြည်နယ်အရေးအတွက် စစ်အာဏာရှင်အစိုးရကို လက်နက်ကိုင်ပြီးတော်လှန်ခဲ့သူ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်တွေမှာ ခိုလှုံပြီး စစ်အာဏာရှင်အစိုးရကို လက်နက်စွဲကိုင်တော်လှန်ခဲ့သူတွေထဲမှာ ထင်ရှားတဲ့ အမျိုးသမီးတစ်ဦးလို့ဆိုရမှလည်းဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုတွေကြောင့် ၂၀၁၂ခုနှစ် သြဂုတ်လ၂၆ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီး ပြန်လည်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။