ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် Saudi Aramco ရေနံကုမ္ပဏီ၏ စက်ရုံနှစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့
စက်တင်ဘာလ ၁၄ ရက်နေ့က ဆော်ဒီအစိုးရပိုင် ရေနံကုမ္ပဏီ Saudi Aramco ရဲ့ စက်ရုံနှစ်ရုံကို ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းနဲ့ မီးကိုထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။