ဘီးလင်းမြို့နယ်တွင် ရဟန်းတော်များနှင့် ကိုရင်များပါသည့်ယာဉ်နှင့် ကုန်တင်ယာဉ်တို ့ တိုက်မိရာမှ ရဟန်း (၁) ပါးနှင့်ကိုရင် (၂) ပါး ပျံလွန်တော်မူ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာ ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ ဒီဇင်ဘာလ (၁၀) ရက် ည ၁၁ နာရီ ၄၅ မိနစ် အချိန်ခန် ့က ရဟန်းတော်များနဲ့ ကိုရင်များကို တင်ဆောင်လာတဲ့ယာဉ်တစ်စီးနဲ့ ကုန်တင်ယာဉ် တစ်စီးတို ့တိုက်မိမှုဖြစ်ပွားခဲ့တာကြောင့် ရဟန်း (၁) ပါးနဲ့ ကိုရင် (၂) ပါး ပျံလွန်တော်မူခဲ့ပြီး သံဃာတော် (၁၀) ပါး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။