မပြည့်စုံခြင်းနဲ့ဒုက္ခတွေကြားက တကယ်ချစ်နိုင်တဲ့ အချစ်စစ်ကိုပြချင်လို့ “Now & ever”ရုပ်ရှင်ကို ရိုက်ကူးတာဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ဒီဇင်ဘာလအတွင်းမှာ သူမရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် Now & ever ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ရိုက်ဖူးသမျှ အချစ်ကားတစ်ခါမှ မရိုက်ဖူးပေမယ့် မပြည့်စုံခြင်းတွေ၊ ဒုက္ခတွေ ကြားကနေ တကယ်ချစ်နိုင်တဲ့ အချစ်စစ်ကို ဖန်တီးပြသချင်တဲ့အတွက် ဒီဇာတ်ကားကို ရိုက်ကူးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်ကားအတွက် သရုပ်ဆောင်တွေ ရွေးချယ်မှုအပိုင်းနဲ့ ပြင်ဆင်မှုအပိုင်းတွေကိုလည်း အခုလို ပြောပြထားပါတယ်။