နေပြည်တော် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဝင်ခွင့်ကတ်များစစ်ဆေးရာမှ နိုင်ငံသားစိစစ်ရေးကတ် အတုကိုင် တရုတ်နိုင်ငံသားသုံးဦးကို ဖမ်းမိ

နေပြည်တော် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဝင်ခွင့်ကတ်များစစ်ဆေးရာမှ နိုင်ငံသားစိစစ်ရေးကတ် အတုကိုင် တရုတ်နိုင်ငံသားသုံးဦးကို ဖမ်းမိ
Published 19 September 2019

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပြုလုပ်နေတဲ့ ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်လိုသူတွေကို ကျောက်မျက်ပွဲဝင်ခွင့် စိစစ်ရေး ကတ်ပြားများ ကြိုတင်စစ်ဆေးရာမှာ နိုင်ငံသားစိစစ်ရေးကတ်အတုကောင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားသုံးဦးကို ဖမ်းမိခဲ့ တယ်လို့ သိရပါတယ်။