တစ်ကမ္ဘာလုံးတွင် ပြုလုပ်မည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲကို ဆစ်ဒနီမြို့၌ စတင်
စက်တင်ဘာလ ၂၀ ရက်နေ့က ကျောင်းသားတွေနဲ ့ကန့်ကွက်ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ကမ္ဘာလုံးဆိုင်ရာ သပိတ်တစ်ခုကို စတင်ဖို ့ဆစ်ဒနီလမ်းတွေပေါ်ကို ထွက်လာခဲ့ကြပြီး ဘဘာဝပတ်ဝန်းကျင် ကပ်ဘေးကို ဟန့်တားရာမှာ အရေးကြီး အစီအမံတွေချမှတ်ဖို့ UN Climate Action Summit (ကုလသမဂ္ဂရာသီဥတုဆိုင်ရာအရေးယူဆောင်ရွက်ရေးထိပ်သီး) ကို တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထံ တောင်းဆိုခဲ့ကြပါတယ်။