ပျောက်ကွယ်တော့မည့်ဆွစ်ဇာလန်ရေခဲမြစ်တစ်ခုကိုရာသီဥတုတက်ကြွလှုပ်ရှားသူများကဂါရဝပြု
ဆွယ်ဇာလန်အရှေ ့ပိုင်းဂလဲရပ်စ်အဲ့လ်တောင်တန်းကပစ်ဇောလ် ရေခဲမြစ်ဟာယခုအခါ တစ်စတုရန်းကီလိုမီတာရဲ ့ဆယ်ပုံတစ်ပုံတောင်မရှိတော့ဘဲအပူချိန်မြင့်တက်လာတာနဲ ့အမျှ ဆုတ်ယုတ်လာနေတယ်လို ့သိရပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈၅၃ဝပေမှာ ရှိတဲ့ရေခဲမြစ်ဟာ ၂၀၃ဝလောက်မှာလုံးဝပျောက်ကွယ်သွားတော့မယ်လို ့ဆိုပါတယ်။