ရုတ်တရက်အကြမ်းဖက်တိုက်ခိုက်မှုခံရမည်ဆိုပါက အလျင်အမြန်တုံ့ပြန်နိုင်သည့် လုံခြုံရေးအစီအမံများလုပ်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူပြောကြား

ရုတ်တရက်အကြမ်းဖက်တိုက်ခိုက်မှုခံရမည်ဆိုပါက အလျင်အမြန်တုံ့ပြန်နိုင်သည့် လုံခြုံရေးအစီအမံများလုပ်ထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူပြောကြား
Published 26 September 2019

ရုတ်တရက် အကြမ်းဖက်တိုက်ခိုက်မှုခံရမယ်ဆိုပါက အလျင်အမြန်တုံ့ပြန်နိုင်တဲ့ လုံခြုံရေးအစီအမံတွေကို လုပ်ထားပြီး ဖြစ် တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက  ပြောပါတယ်။
ရန်ကုန်၊နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ လုံခြုံရေးအစီရင်ခံစာတွေအရ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိလာတဲ့အတွက် လုံခြုံရေးအသိဖြင့် နေထိုင်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက စက်တင်ဘာလ ၂၆ ရက်နေ့က အသိပေးချက် ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေတွေကို မီဒီယာတွေက သွားရောက်မေးမြန်းရာမှာ ရဲမှူးကြီး မျိုးသူစိုးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Most Viewed

Most Recent