အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ ဆီရမ်ကျွန်းတွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး အနည်းဆုံး တစ်ဦး သေဆုံး
စက်တင်ဘာလ ၂၆ ရက် အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၊ မာလူကူပြည်နယ်ရှိ ဆီရမ်ကျွန်းမှာ ပြင်းအား ၆.၈ မဂ္ဂနီကျုဒ်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာကြောင့် အနည်းဆုံး တစ်ဦး သေဆုံးကာ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရခြင်းတော့ မရှိဘူးလို့ အင်ဒိုနီးရှား ဘူမိရူပဗေဒဌာနက ပြောပါတယ်။