တတိယမြောက် Spider-Man ဇာတ်ကားသစ် ထုတ်လုပ်ရေးအတွက် ဆိုနီနှင့် ဒစ္စနေတို သဘောတူညီမှုရရှိ
Marvel Studios ဟာ တတိယမြောက် Spider-Man ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်သွားမှာဖြစ်ပြီး တွမ်ဟော်လန်ကပဲ စပိုက်ဒါမန်းအဖြစ် ပါဝင်သရုပ်မယ့် အဲဒီဇာတ်ကားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ ဆိုနီကော်ပိုရေးရှင်းနဲ့ ဝေါ့တ်ဒစ္စနေ ကုမ္ပဏီတို့က ပူးတွဲကြေညာလိုက်ပါတယ်။