ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လမ်းများတွင် မီးရှို့မှုများ ဖြစ်ပွားခဲ့
စက်တင်ဘာလ ၂၉ ရက်က ဟောင်ကောင်ဒေသမှာ အကျယ်ပြန့်ဆုံး အဓိကရုဏ်း ဆန္ဒပြမှုတချို့ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လူစုခွဲ မီးသတ်ပိုက်တွေ၊ ရော်ဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့ သုံးကာ လူစုခွဲခဲ့သလို ဆန္ဒပြသူတွေကလည်း ဓာတ်ဆီဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။