အန်ဖီးလ်ရပ်ဝန်းဆီ အိပ်မက်ရင်း ခရီးနှင်နေသူ ဟယ်ရီဝီလ်ဆင်

အန်ဖီးလ်ရပ်ဝန်းဆီ အိပ်မက်ရင်း ခရီးနှင်နေသူ ဟယ်ရီဝီလ်ဆင်
Published 2 October 2019

အန်ဖီးလ်ရပ်ဝန်းဆီ အိပ်မက်ရင်း ခရီးနှင်နေသူ ဟယ်ရီဝီလ်ဆင်

၁၉၉၈ ဝန်းကျင်လောက်မှာ ဝေးလ်စ်မြောက်ပိုင်းက ရက်စ်ဆန်မြို့သား ပီတာအက်ဒ်ဝဒ်ဆိုတဲ့ လူတစ်ယောက်က ပေါင် (၅၀) တန် အလောင်းအစားတစ်ခုကို လုပ်ခဲ့တယ်။ အသက် (၁၈) လပဲ ရှိသေးတဲ့ သူ့ရဲ့မြေးက တစ်နေ့မှာ ဝေးလ်စ်လက်ရွေးစင် ဖြစ်လာလိမ့်မယ်ဆိုပြီး လောင်းကြေးထပ်ခဲ့တာပါ။ လောင်းကြေးက ၂၅ဝဝဆ : ၁ဆ ဖြစ်ပါတယ်။ နောက် (၁၅)နှစ် ကြာတော့ အဲဒီလောင်းကြေးက အမှန်တကယ် အသက်ဝင်လာခဲ့ပါတယ်။ ပီတာရဲ့မြေးဖြစ်သူက အသက် (၁၆) နှစ်ကျော်မှာပဲ ဝေးလ်စ်လက်ရွေးစင်အဖြစ် အရွေးခံရပြီး ပီတာက သူ့လောင်းကြေးငွေရဲ့ အဆပေါင်း၂၅ဝဝ ဖြစ်တဲ့ ပေါင် (၁၂၅ဝဝဝ)ကို ရရှိခဲ့ပါတယ်။ ဒါက ပုံပြင်မဟုတ်သလို ယုံတမ်းစကားလည်း မဟုတ်ခဲ့ပါဘူး။ ဝေးလ်စ်မြောက်ပိုင်းမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းထဲက (၁၈) လသားလေးဟာ လက်ရှိအချိန် ဘုန်းမောက်အသင်းမှာ အငှားလာကစားနေတဲ့ လီဗာပူးလ်လူငယ်ကစားသမား ဟယ်ရီဝီလ်ဆင်ဖြစ်ပါတယ်။ သူဟာ ဘုန်းမောက်မှာ အကောင်းဆုံးအစမ်းသပ်ခံပြီး လီဗာပူးလ်အသင်းရဲ့ အန်ဖီးလ်ကွင်းမှာ ကစားခွင့်ရမယ့်အိပ်မက်ဆီ ခရီးနှင်နေပါတယ်။
 

Most Viewed

Most Recent