မိမိကို လုပ်ကြံသတ်ဖြတ်မည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု နောက်ကွယ်တွင် အမေရိကန် ရှိနေပြီး ဘရာဇီးလ်နှင့် ကိုလံဘီယာလည်း ပါဝင်နေဟု ဗင်နီဇွဲလားသမ္မတ စွပ်စွဲ
ဗင်နီဇွဲလားသမ္မတနစ်ကိုးလပ်စ်မာဒူရိုက အမေရိကန်ရဲ့ ညွှန်ကြားချက်အရ ကိုလံဘီယာနဲ့ ဘရာဇီးလ်နိုင်ငံ တို့ရဲ့ လက်ယာဝါဒီ အစိုးရတွေဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်နေကြောင်း ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။