ပရီးမီးယားလိဂ်ရဲ့ နည်းပညာဖခင်ကြီး ဝင်းဂါးနဲ့ ဘောလုံးစီးပွားရေး

ပရီးမီးယားလိဂ်ရဲ့ နည်းပညာဖခင်ကြီး ဝင်းဂါးနဲ့ ဘောလုံးစီးပွားရေး
Published 12 October 2019

ပရီးမီးယားလိဂ်ရဲ့ နည်းပညာဖခင်ကြီး ဝင်းဂါးနဲ့ ဘောလုံးစီးပွားရေး

အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်သမိုင်းမှာ အကျော်ကြားဆုံးနည်းပြ ဟုတ်ချင်မှဟုတ်မယ်။ အအောင်မြင်ဆုံးနည်းပြလို့လည်း ပြောလို့မရ။ ဒါပေမဲ့ သူက ပရီးမီယားလိဂ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျေးဇူးရှင်တစ်ဦးလို့ ပြောရင်တော့ ငြင်းလို့မရပါဘူး။ 
ကန် - တင် - ပြေး ကစားဟန်နဲ့ ဘောလုံးကစားတဲ့ လိဂ်တစ်ခုအဖြစ် လှောင်ပြောင်ဝေဖန်မှုတွေရှိခဲ့တဲ့ ပရီးမီးယားလိဂ်ကို တစ်ဦးချင်းကျွမ်းကျင်မှု၊ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပေါင်းစပ်ပြီး လှပငြိမ့်ငြောင်းတဲ့ ကစားဟန်နဲ့ အသွင်းပြောင်းပေးခဲ့တာကြောင့် ဝင်းဂါးဟာ အာဆင်နယ်တစ်သင်းတည်းကို ကျေးဇူးပြုခဲ့တာမဟုတ်ဘဲ ပရီးမီယားလိဂ်ကိုပါ ကျေးဇူးပြုခဲ့သူလို့ ပြောလို့ရတယ်။

အခုတော့ သူက Sports Technology Company တစ်ခုဖြစ်တဲ့ PlayMaker နဲ့ လက်တွဲလိုက်ပါပြီ။ ဝင်းဂါးနဲ့ PlayMaker တို့ဟာ စတယ်လေဘရစ်ချ်ဆဲလ်တစ်၊ ဝှစ်ဘီတောင်း၊ ဂိန်းဘရော့ထရင်နစ်တီတို့အပါအဝင် အခြားသော Non-League အသင်းတွေကို သူတို့ရဲ့ နည်းပညာနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီအသင်းတွေမှာ ကစားနေကြတဲ့ ကစားသမားတွေဟာ သူတို့ရဲ့ ဖိနပ်တွေမှာ Motion sensors တွေကို တပ်ဆင်သွားမှာဖြစ်ပြီး ကွင်းအတွင်းသူတို့ရဲ့ လှုပ်ရှားမှု၊ အမြန်နှုန်း၊ ဘောလုံးထိချက်၊ ကန်ချက်ပါဝါ အပါအဝင် ဘောလုံးပွဲတစ်ပွဲမှာ လိုအပ်တဲ့ အချက်အလက်အားလုံးရဲ့ အချက်အလက်တွေကို ရယူနိုင်မယ့် နည်းပညာတစ်ခုလည်းဖြစ်တယ်။ ဒါမျိုးကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာတောင် အနည်းစုပဲ သုံးနိုင်ကြပေမယ့် ဝင်းဂါးနဲ့ Playmaker တို့က အပျော်တမ်းလိဂ်မှာ စသုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဆင်သင့်ဖြစ်ရင်တော့ PlayMaker ဟာ ပရီးမီးယားလိဂ်အသင်းတွေကို မိတ်ဆက်ပေးပါလိမ့်မယ်။
 

Most Viewed

Most Recent