ရုပ်ရှင်သက်ကြီးပညာရှင်တွေ လိုအပ်တာတွေရှိရင် ကူညီသွားဖို့စဉ်းစားထားတယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်
သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ (၉၉)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့်(၄၂)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပြီး သူမရဲ့ခံစားချက်တွေကိုလည်းပြောပြလာခဲ့သလို ကိုယ်အသက် မွေးဝမ်းကြောင်းပြုရတဲ့ရုပ်ရှင်လောက က အရေးပါတဲ့သူတွေဖြစ်တဲ့အတွက်လိုအပ်တာတွေရှိရင် ကူညီသွားဖို့စဉ်းစားထားတယ်လို့ ဆိုပါတယ်။