လာမယ့်ဒီဇင်ဘာလ (၁၆)ရက်မှာ မြန်မာပြည်အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲအဖြစ် ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်တို့ ရင်ဆိုင်ထိုးသတ်သွားပါမယ်။ ထွန်းထွန်းမင်းဟာ ဒေ့ဗ်နဲ့ နှစ်ကြိမ်တိုင်ရင်ဆိုင်ထိုးသတ်ခဲ့ရာမှာ နိုင်ပွဲမရသေးလို့ ဒီတစ်ခါဆုံတွေ့မှုမှာ ဘယ်လိုဖြစ်လာမလဲ။ ထွန်းထွန်းမင်းရဲ့ ဒေ့ဗ်နဲ့ပွဲအကြို ယုံကြည်ချက်စကားသံတွေကို တင်ဆက်လိုက်ပါတယ်။ ■ အွန်လိုင်းပေါ်က ကိစ္စတွေကို ဂရုမစိုက်ဘူး။ ကြိုးဝိုင်းထဲမှာ ယောကျာ်းချင်းတွေ့မှာပါ။ ဘာလုပ်ပြနိုင်မလဲဆိုတာက ပိုအရေးကြီးပါတယ်။ ■ ချန်ပီယံခါးပတ်ပြန်ယူဖို့ အသင့်ပါပဲ၊ အားကစားမှာ လူမျိုးရေးမခွဲခြားစေချင်ဘူး။ ■ MMA မှာ ထိုးသတ်ဖို့ အစီအစဉ် ရှိတယ်။
ဒေ့ဗ်ကို အနိုင်ရဖို့ အသက်နဲ့ ရင်းပြီး ကြိုးစားသွားမယ့် ထွန်းထွန်းမင်း (ရုပ်သံအစီအစဉ်)