ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ်နှင့် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကတိသစ္စာပြု
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်နဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့ဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကတိသစ္စာပြုခဲ့ပါတယ်။