ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား ၆.၄ မဂ္ဂနီကျုဒ်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် လေးဦးသေဆုံးပြီး ဒါဇင်နှင့်ချီကာ ဒဏ်ရာရရှိ
ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေနဲ့ လူနေအိမ်တွေမှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့ကာ ဒေသခံတွေဟာလည်း စျေးဆိုင်တွေနဲ့ ရုံးခန်းတွေထဲကနေ အလုအယက်ထွက်ပြေးခဲ့ရပြီး ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။