ထိုင်းမြွေဖမ်းသမားတစ်ဦးက ၁၃ ပေအရှည်ရှိသည့် အဆိပ်ပြင်းတောကြီးမြွေဟောက်တစ်ကောင်ကို မြေအောက်ပိုက်လိုင်းထဲထိ ဝင်ဖမ်းခဲ့ (ရုပ်သံ)
ပန်ယာ လို့အမည်ရတဲ့ မြွေဖမ်းသမားကတော့ “နေရာကျဉ်းမြောင်းပြီး ရေထဲကိုဖြတ်သွားရသလို အဲဒီမြွေ ဘယ်မှာရှိမှန်း မမြင်ရတဲ့အတွက် ဒါက အလွန်ခက်ခဲတဲ့ မစ်ရှင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီမြွေသာ ဒီထက်ပိုပြီး ရန်ပြုခဲ့မယ်ဆိုရင် ကျဉ်းမြောင်းတဲ့ ရေပိုက်လိုင်းထဲမှာ ကျွန်တော့်အတွက် ပြေးစရာနေရာတောင် မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။